23 February, 2020

လက်စွပ်

ပြန်ရမယ့်မြို့ကို
မြစ်ထဲကရေရိပ်မှာလှမ်းကြည့်တော့
မီးရောင်လိုလို မှုန်ပျပျ
သူမအပြုံးလိုမြင်တယ်။

ငါးခုံးမတစ်ကောင်အဖြစ်မခံဘူးဆိုပြီး
ရေတိမ်နစ်ခဲ့တဲ့
သူမအိပ်မက်ကိုလည်းမြင်တယ်။

အချစ်မှာနှစ်ခါအနစ်မခံဘူးဆိုတဲ့
တော်လှန်ရေးကိုလည်းမြင်တယ်။

သူမအထင်မကြီးဘူးဆိုတဲ့
ကျနော့်အပေါ် သတိရခြင်းကိုလည်းမြင်တယ် ။

ယိုယွင်းမှုတွေ ထပ်ခါ တလဲလဲပဲ
တိတ်တဆိတ်ပူပန်ခြင်းကိုလည်း ကျနော်မြင်တယ် ။

မြို့တစ်မြို့လိုလုပ်ကျွေးချင်ပါတယ်
မြို့တစ်မြို့လို စည်ကားခွင့်ပေးပါတော့ ။ ။

ဝင်းမြင့်
၂၁ ၂ ၂၀၁၉

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home