23 February, 2020

မနက်ဖြန်ဝယ်မယ့်ပန်းများ

ချစ်ချစ် မချစ်ချစ်
ကမ္ဘာကြီးကတော့ အဆစ်ပေးပါတယ် အချစ်ရယ် ။

ကန်ထုတ်လိုက်တဲ့ကျောက်ခဲ
ထွေးထုတ်လိုက်တဲ့တံတွေး
ပြန်လာလိမ့်မယ် အချစ်ရယ်။

မတရားဘူး
မတရားဘူး
လူတစ်ဦးဦးကများ အကောက်ကြံထားလေသလား
မဖြောင့်ဖြူးဘူးအချစ်ရယ်။

ဆူးစူးတယ်
ဆူးစူးတယ်
နှင်းဆီပန်းကိုပန်ပြခဲ့သူ အချစ်ရယ်။

သစ္စာပန်းများဟာ သစ္စာသမားရဲ့ဆိုလိုရင်း အဓိပ္ပာယ်ကို
လေးနက်စွာနဲ့ နီရဲနေတယ်
အကိုင်းမချိုးနဲ့ အချစ်ရယ်
သူ့ရိုးတံဟာ သူ့ရိုးဂုဏ်ပဲ အချစ်ရယ်။ ။

ဝင်းမြင့်
၁၇ ၂ ၂၀၁၈

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home