စတုတ္ထရာသီ
ငယ်စဉ်တောင်ကျေး
သားချော့တေးရဲ့တစ်ဝက်တစ်ပျက်မှ
အငိုတိတ်စ
ပန်းပွင့်များရဲ့ဝတ်ရည်ထဲသို့
မိုးကစဲတယ်လို့ကို မရှိတော့ပါဘူး။
မျက်လုံးကိုစုံမှိတ်ပြီး
လွှတ်ချခဲ့တဲ့ကော်ဇောပျံများရဲ့အိပ်မက်
နံရံဆိုတာ မပိတ်မိခဲ့သူများရဲ့တံခါး
အဓိပ္ပါယ်တွေကိုရှာရခက်မှန်း သိတတ်တဲ့အရွယ်မှ
လောကကိုမိတ်ဆက်ပေးခဲ့ ။
သြော် ခုများတော့ တောကြောင်တစ်ကောင်မွေးချင်တယ်
ငါ့အဘိုးအဘွားတွေကိုတွေ့ချင်တယ်
ငါ့သွားကြီးကြီးတွေရဲ့အမိုးအကာရိပ်မှ
ရွှင်လန်းသောစကားကိုငါဆိုချင်တယ် ။
မစိုက်မပျိုးဘဲစားရတဲ့အခါ
စိုက်ရပျိုးရသူများကိုဦးညွှတ်သတိရခြင်းရဲ့ခြံစည်းရိုးပါပဲ
ပိုက်ဆံငွေကြေးတွေကတော့
အမှတ်မရှိခြင်းရဲ့ခြံကိုခုန်ကျော်တတ်ပါပေရဲ့ ။
နေရောင်နဲ့နေခြည်က
စကားအထားအသိုနဲ့ ကျောပြင်များပေါ ်
မူတည်ပါတယ် ။ ။
ဝင်းမြင့်
၁၄ ၂ ၂၀၁၈
Labels: ဝင်းမြင့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home