love
ဘဝကိုရင်းနှီးမြုပ်နှံလိုက်ချင်လည်း
အစွဲအလန်းတွေရဲ့အောက်မှာ ကွင်းဆင်းမရတဲ့လေယာဉ်။
မီးလေးတတို့ လှမ်းတောင်းတာ
ပန်းသီးတလုံးပစ်ပေးတဲ့
သြော် ကမ္ဘာဦးလိုပဲ။
မနေ့က မန္တလေးရောက်တယ်
ဒီနေ့ ရန်ကုန်ရောက်တယ်
ပန်းဆိုးတန်းက တစ္ဆေဖြူ
အူလို့။
ခူတကောင်
သစ်ရွက်ကိုချစ်နေတာ။ ။
ဝင်းမြင့်
၂၄ ၁ ၂၀၂၀
Labels: ဝင်းမြင့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home