တစ်ရှုး
တစ်ရှုးစကိုလုံးချေပြီး အမှိုက်ခြင်းထဲပစ်ထည့်
နောင်တရမိသလားပြန်တွေး
မရရေးချမရ
အချိန်က နေ့လည်စာစားဖို့
အခါက စဉ်းစားဖို့
သွားကြားညှပ်တော့မှ
ဘာဟင်း
လည်ချောင်းထဲရောက်တော့မှ ပြန်ထုတ်မရ
အသားကလည်း တစ်ရှုးပြန်ဖြစ်သွားမှာပါ
ငါလည်း သူ့အမှိုက်ခြင်းထဲရောက်
သူလည်း ငါ့အစာအိမ်ထဲရောက်
အချိန်မကိုက်ရင်
ပြန်တိုက်ကြည့်
အလုပ်ကအပြန်
သွားဆေးခန်းဝင်ရဦးမယ်
သွားဆရာဝန်က
ဘာဟင်းနဲ့စားခဲ့သလဲမေးရင်ဖြေဖို့
အသားအမျိုးအစား တစ်ခုခု ။
ကြည်ဇော်အေး
28 feb 2020
Labels: ကြည်ဇော်အေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home