02 March, 2020

မတော်တဆ

စွဲလန်းမှုအတိုင်းအဆရဲ့
ထင်တိုင်းကြဲနေ့ရက်တွေကိုပြန်သွန်ကြည့်မိတော့
ပြတင်းပေါက်တွေမှာ လူတယောက်မှ မရှိတော့ဘူး
ဘယ်သွားကြမှာလဲ ။

အစာတွေပဲ မှီဝဲနေရတဲ့အသက်ရှင်လိုမှုများအား
ဓါတ်လှေကားပြုပြင်ပေးပါ ။

ဓါတ်တိုင်တွေရဲ့ယိုင်နဲ့မှုမျိုးနဲ့
ကိုယ်အိမ်ပြန်လာခဲ့သည် ။

အဲဒီလို မတွေးပါနဲ့
ကြားသားမြင်သား ကိုယ်မစားပါရစေနဲ့ ။ ။

ဝင်းမြင့်
၁ ၃ ၂၀၂၀

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home