မင်းကို ကိုယ် ချစ်တယ်
မင်းဖြစ်ရှိနေတဲ့အတိုင်း မင်းကို ကိုယ်ချစ်တယ်၊ ဒါပေမယ့် မင်းဖြစ်လာမှာတွေအတွက် ပိုတောင် ချစ်သေးရဲ့။
မင့်ရဲ့ အဖြစ်မှန်တွေကို အဲ့ဒီလောက် ကိုယ် မချစ်မိဘူး၊ မင့်ရဲ့ စံထားစရာတွေကို ပိုချစ်မိတယ်။
မင့်ဆန္ဒတွေအတွက် ကိုယ် ဆုတောင်းတယ်၊ မင့်ဆန္ဒတွေဟာ ကြီးမြတ်နိုင်တယ်လေ၊ မင့် အလိုပြည့်မှုတွေအတွက်တော့ သိပ် ဆုမတောင်းမိဘူး၊ မင့်အလိုပြည့်မှုတွေက ဒုက္ခပေးနိုင်လောက်အောင် နည်းပါးနိုင်တယ်လေ။
အလိုပြည့်သွားတဲ့ ပန်းဆိုတာ ပွင့်ဖတ်တွေ ကြွေလုဆဲ ပန်းပဲ။
အလှဆုံး နှင်းဆီဆိုတာ အဖူးတစ်ခုထက် မပိုပါဘူး၊ ဒီအဖူးမှာ ဆန္ဒရဲ့ စူးရှတဲ့ဝေဒနာနှင့် ပီတိပြည့်လျှမ်းမှုဟာ ပိုပြီး ငွားငွားစွင့်စွင့် လှလှပပ ကြီးထွားလာဖို့ အလုပ်လုပ်နေကြလေရဲ့။ အခု မင့်ဖြစ်နေတဲ့အတိုင်း အမြဲ မင်း ဖြစ်နေမှာမဟုတ်ဘူးလေ။ မင်းဟာ ကြီးမြတ်တဲ့ တစ်စုံတစ်ရာဆီ တက်လှမ်းနေတာပဲ။
ကိုယ်ဟာ မင်းနဲ့အတူ လမ်းပေါ်မှာ၊ ဒါ့ကြောင့်ပဲ ကိုယ် မင်းကို ချစ်တယ်။
ကားဆင်းဘာ့ဂ်
ဘာသာပြန်- ညီမွန်
I LOVE YOU by Carl Sandbarge
Labels: Carl Sandbarge, ညီမြန္
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home