ဓာတ်ခွဲခန်း
ပင့်ကူအိမ်လို
တိမ်တွေအထပ်ထပ်
ဇောချွေးပျံ
လူတစ်ယောက် တွေးခေါ်နေရင်
အလုပ်တစ်ခုလို့မမြင်ဘူး
လူတစ်ယောက် ကုန်ထမ်းနေမှ အလုပ်လို့မြင်တယ်
လူတစ်ယောက် မီးလောင်နေရင်
သူ့ရှုမျှော်ခင်းတွေ မီးလောင်နေတာ လို့မမြင်ဘူး
လူတစ်ယောက် ပြာကျသွားမှ
အလောင်းဖက်တယ်
လူတစ်ယောက် ပျက်ကျသွားရင်
သူ့အာကာသယာဉ်ပျက်ကျတာ လို့မမြင်ဘူး
စွန်တစ်ခုပြတ်ကျခြင်းထက် မပိုဘူး
အူသံဟာ
နားထဲဝင်လာတယ်
အော်သံဟာ
ပါးစပ်ကထွက်သွားတယ်
မျက်ကန်းဟာ
နေကို လက်နဲ့စမ်းကြည့်တယ်
အဖျားသွေးကို
မျက်ရည်များနဲ့တိုင်းမယ်ဆို
ကိုယ်တွေပူလာမယ်
ချစ်ချစ်တောက်နေမယ်
ဒီလောက်ဆို
သေလို့ရပါပြီ ။
ကြည်ဇော်အေး
13 march 20
Labels: ကြည်ဇော်အေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home