ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ်
ခဏဆိုပြီးခေါ်သွားတာ
ပြန်လာပို့တော့သူ့လက်တစ်ဖက်ပါမလာတော့ဘူး
နာကျင်မှုကိုကျော်လွန်သွားတဲ့ခံစားမှုနဲ့
ဘာကိုမှမယုံကြည်နိုင်တော့တဲ့မျက်လုံးတွေနဲ့
တိမ်တွေကိုပဲမော့ကြည့်နေတော့တယ်
အထူးသဖြင့်
သူ့မြို့ကလေးဘက်ရွေ့ရွေ့သွားတဲ့တိမ်တွေကိုပေါ့
ဒီလိုနဲ့
ဘာမှမစားဘဲအသေခံသွားခဲ့တယ်
ငါတို့မသေဘဲပြန်ရောက်လာတော့
သူ့မြို့ကလေးနဲ့သူ့အမေအိမ်ကိုသွားတွေ့ကြတာပေါ့
သူ့အမေကပြောတယ်
အဲဒီရက်ကမိုးတွေအရမ်းရွာတာပဲ။ ။
ကိုဇော်(ကလေးမြို့)
၁၄ရက် ၁လ ၂၀၂၀။
Labels: ကိုဇော်(ကလေးမြို့)
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home