09 March, 2020

ဝံပုလွေတောင်စောင်း

တောင်စောင်းမှာအိမ်တွေ ဝံပုလွေလိုရပ်နေကြ
လဝါရင်ဖြစ်ဖြစ် လနီရဲရင်ဖြစ်ဖြစ်
အူသံပေးမယ့် ဝံပုလွေတွေလိုရပ်နေကြ
ဝံပုလွေအသွင်ပြောင်းမယ့် လူတွေလို့ထင်ခဲ့တာ
လူအသွင်ပြောင်းထားတဲ့ ဝံပုလွေတွေဖြစ်လို့
ဝံပုလွေတောင်စောင်းမှာ နေလည်းစောင်းပြီ
ဝံပုလွေအိမ်နဲ့ ဝံပုလွေလူတွေကြားမှာ ငါ
ဝံပုလွေတွေ တဖြေးဖြေးအုပ်ဖွဲ့နေတာ မြင်ရ
ငါ့ကဗျာကို ဝံပုလွေတစ်ကောင်ရဲ့
ခွင့်ပြုချက်ရမှ ရေးရမှာလား

ပိုင်
၂၀ ဖေဖော်ဝါရီ ၂၀၂၀

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home