09 March, 2020

စတော်ဘယ်ရီ တစ်ဝက်တပြက်

ပန်းကန်ထဲမှာ ညဉ့်နက်နေပြီဖြစ်တဲ့
စတော်ဘယ်ရီ တစ်ဝက်တပြက်
နောက်ထပ် ယူစရာ သိပ်မကျန်တော့တဲ့တိုင်အောင်
အေးစက်ပြလို့၊ တစ်ခွက်ပြီးတစ်ခွက်
မဆုံးနိုင်အောင်ဝါကျင့် တစ်ခွက်ပြီးတစ်ခွက်
ထပ်ယူနေတာ စတော်ဘယ်ရီကြောင့်များလား
အိမ်ကို တမင် ရှောင်ကွင်းနေသလို
ဆံပင်ရှည်များရှိရာ ဆံပင်ရှည်များရောက်လာ
ဂျင်းဂျာကင်ကိုရှာဖွေဖို့ ဂျင်းဂျာကင်များရောက်လာ
စတော်ဘယ်ရီ တစ်ဝက်တပြက်
အတိုင်းထားပြီး ကားတစ်စင်းနဲ့လမ်းပေါ်အော်ဟစ်
လက်တွေကို ပြတင်းပေါက်က ထုတ်ထား
အနက်ရောင်ခံထဲတို့ထားတဲ့ မီးရောင်စုံဆေးစက်များ
ညဉ့်နက်နေပြီဖြစ်တဲ့ ညထဲ
နံရံပေါ် ဂစ်တာတီးနေတဲ့ပုံ ချိတ်ထားပြီး
သီချင်းတွေဆိုဖို့ ထွက်ပြေးခဲ့ပြန်တယ်
နောက်ကျနေသော အရာရာဟာ လှပနေပေမဲ့
စတော်ဘယ်ရီလို တစ်ဝက်တပြက်
ဒါကို ဘယ်သူ လက်စသတ်မလဲ

ပိုင်
၆ ၃ ၂၀၂၀
# လင်းသဏ်ညီ၊ ဇင်ကို၊ ကိုဘုန်းတို့ဇနီးမောင်နှံနဲ့
တောင်ဥက္ကလာပည အမှတ်ရမှု

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home