ဂျင်းဘောင်းဘီဆိုတာ မလျှော်ရဘူး
ဒီ ဂျင်းဘောင်းဘီလား
တစ်ယောက်က မေးလိုက်တယ်
ကိုယ်ပိုင်ကဒ်နဲ့မှ ဖြတ်လို့ရတဲ့
ဓာတ်လှေကားထဲအဝင်မှာ
ဟုတ်တယ်၊ အပြာကို ကြိုက်လို့
ဒီတစ်ထည်တည်းနဲ့ လျှောက်သွားနေတာ
တစ်ပတ်လောက် ရှိပြီ
စုတ်ပြတ်သတ်နေပြီ ဓာတ်လှေကား
ပိတ်ပြီး အောက်ဆင်းသွားတယ်
အထွက်မှာ ရော့ခ်ဂီတသမားတစ်ယောက်ပုံစံ
ဆံပင်ရှည်ရှည်နဲ့တစ်ယောက်က
လှည့်ကြည့်ပြီး ပြောလိုက်
ဂျင်းဘောင်းဘီဆိုတာ မလျှော်ရဘူး
ပိုင်
၅ မတ်လ ၂၀၂၀
# ခေါင်းစဉ်- ရိုးမြေ
စိုင်းဝင်းမြင့်၊(ကို)ရိုးမြေ၊ သူအောင်လင်း တို့နဲ့
ရန်ကုန်ရောက် အမှတ်တရတစ်ခု
Labels: ပိုင္
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home