ကောင်းကင်ကကျလာတဲ့ သင်္ဘောတွေ
မြေစိုက်အနောက်ခန်းက
စာအုပ်ထည့်ထားတဲ့ စက္ကူပုံးတွေနဲ့ ငါဟာ
သင်္ဘောပျက်သူတစ်ယောက်လို ဖရိုဖရဲနဲ့
ပင်လယ်က ကိုယ့်အပေါ်ရောက်နေတဲ့အချိန်မှာ
တစ်စုံတစ်ယောက်က မုန်တိုင်းသတင်းကို
ဖေဖော်ဝါရီလလယ်ကြီး အော်ပြောလိုက်တဲ့အခါ
ပင်လယ်ဓားပြအကြောင်းကို ကြားလိုက်သလိုပဲ
ကိုယ့်အသက်ကိုထုပ်ပိုးသလို ထုပ်ပိုးသယ်မိ
အထဲမှာ ငါ စဖွင့်လိုက်တာနဲ့
ပထမဆုံးမြင်ရမဲ့ ဝါကျတစ်ကြောင်းက
ငါ့ကိုစောင့်ကြိုနေရဲ့၊ တရွေ့ရွေ့အနားကို
ဝင်ရောက်လာမဲ့ရေကို မတားဆီးနိုင်ပဲနဲ့ပေါ့လေ
ငါဟာ သင်္ဘောပျက်လိုအော်မိ
ကျလာတာကလည်း သင်္ဘောပျက်တွေ၊ ညနေဟာ
သင်္ဘောပျက်တွေပြည့်နေတဲ့ ပင်လယ်တစ်ခု
ပခုံးပေါ်မှာကြောင်လေးတစ်ကောင် ထိုင်ရက်ငါဟာ
ဂျက်စပဲရိုးလို မထေမဲ့မြင်ပြုံးလိုက်ချင်တာ
ပိုင်
၁၈ ဖေဖော်ဝါရီ ၂၀၂၀
Labels: ပိုင္
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home