15 March, 2020

သီချင်း

သီချင်းဆိုတာ
အသံဝါအသံကြောင်အသံနက်ကြီးတွေနဲ့
အတူတူသံပြိုင်ဆိုကြရတဲ့အရသာထူးကြီးကို
အဲဒီတုန်းကတည်းကငါတို့ရခဲ့ကြတာပဲ
တစ်ခါတလေ
သီချင်းတစ်ပုဒ်ထဲကိုထပ်ခါထပ်ခါ
တစ်ခါတလေတစ်ပိုဒ်ထဲ
တစ်ခါတလေတစ်ကြောင်းထဲပေါ့
ခင်ဝမ်းရဲ့
အမေ ကျနော်တို့မှာ ညီအစ်ကိုများစွာရှိတယ် ဆိုတာမျိုးပေါ့
အခုတော့လည်းအားလုံးနီးနီးသေကုန်ကြပါပြီ။ ။

ကိုဇော်(ကလေးမြို့)
၁၄ရက် ၁လ ၂၀၂၀။

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home