23 February, 2020

ဟော်လိုကော့စ်

ဂရိဘာသာစကားမှာ
မီးနဲ့စတေးပစ်တယ်လို့အဓိပ္ပာယ်ရပါတယ်

ဟစ်တလာကိုလည်း ကမ္ဘာကမုန်းစေ
မဟာမိတ်တို့လည်း စစ်နိုင်စေ

ဝင်စတန်ချာချီဟာ
လူလည်ကျခဲ့တယ်

ဗိုလ်ချုပ်ကြီးရွန်းမဲအတွက်မွေးနေ့လက်ဆောင်
အမြောက်ဆန်တွေလက်ဆောင်ပေးခဲ့တယ်

ဂျူးခြောက်သန်းကျော်သေနေပြီ
ထောက်လှမ်းရေးမယ်က နှုတ်ခမ်းနီဆိုးနေတုန်းပဲ

ကဗျာဆရာ အပေါ်လီနဲဟာ
စာကိုလက်မှတ်ထိုးပြီးပို့လိုက်ပါတယ်
ဒုတိယကမ္ဘာစစ်ကြီး အဓွန့်ရှည်ပါစေ။

ကြည်ဇော်အေး
9 feb 2020

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home