23 February, 2020

မြေအောက်လှုပ်ရှားမှုသမိုင်း


ယဉ်ကျေးမှုအရဆိုတော့ ယဉ်ကျေးမှုအဖြစ်
ပန်းသီး လိမ္မော်သီး
ကိတ်မုန့် ပေါင်မုန့်
ဆိတ်သားခြောက်တွေ လက်ဆောင်ရတယ်

ယဉ်ကျေးမှုတော်လှန်ရေးအဖြစ်
ဆိုက်ကယ်ဒဲလစ်သီချင်းပြင်းပြင်းတွေ နားထောင်တယ်

လူကအကောင်း
ရူးချင်ယောင်ဆောင်တယ်
အရူးလိုင်စင်ရတယ်

မူးယစ်ဆေးသုံးစွဲခွင့်ရပြီ
ပြောချင်တာပြောခွင့်ရပြီ

ဘာကိုမှ မယုံကြည်
ဘာကိုမှ မကိုးကွယ်

လွတ်လပ်ရေးကြေညာစာတမ်းကို
ကိုယ်တိုင်ရေးမယ်

အာဏာဟာ
ကဗျာက စရမယ်

ဥပေဒဟာ
ကဗျာနဲ့ အဆုံးအဖြတ်ပေးရမယ်

နိုင်ငံတော်သီချင်းဟာ
ရော့ခ်သီချင်းဖြစ်ရမယ်

နိုင်ငံတော်အလံဟာ
ဂျက်ဆန်ပူးလော့ပန်းချီကားလိုဖြစ်နေရမယ်

နိုင်ငံတော်သမ္မတကို
အရူးလက်မှတ်ရထားသူတွေကသာ ရွေးချယ်တင်မြောက်ခွင့်ရှိရမယ်

နိုင်ငံသားတိုင်းဟာ
နေ့မှာ အိပ်ရမယ်
ညမှာ အလုပ်လုပ်ရမယ်

နိုင်ငံသားတိုင်းဟာ
စိတ်ကူးယဉ်မှုအတွက် အခွန်ဆောင်ရမယ်

နိုင်ငံသားတိုင်းဟာ
နျူကလိယားလက်နက်တစ်ခုစီပိုင်ဆိုင်ခွင့်ရှိရမယ်

အာဟာရပြည့်ဝဖို့အတွက်
နေ့စဉ် ကျည်ဆံတွေဖြည့်နေရမယ်
နေ့စဉ် စစ်ဖြစ်နေရမယ်။

ကြည်ဇော်အေး
19 feb 2020

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home