ျပန္လည္
ဟိုးတုန္းက စီးဖူးတဲ့
၅၅ ဟိုင္းလက္ကား
ဆင္မလိုက္ကေန အလံု ဆင္းမင္းေစ်း ကရင္ျခံ
အသြားငါးမူး အျပန္ငါးမူး
အလံုလမ္းဘူတာက ကိုေက်ာ္ဟိန္းအသုပ္က တစ္က်ပ္
ေ႐ွ႕ဘီးႀကီး ေျမာက္ေျမာက္သြားေအာင္ ငါတို႔တြယ္ၾက
အလယ္ခံုဘယ္ေတာ့မွ မထိုင္ၾက
ဒ႐ိုင္ဘာအသံ စပီကာထဲက ထြက္လာတယ္
ေ႐ွ႕မွာ ရဲ၊ တြယ္ေတြ အထဲဝင္ျကတဲ့
ဘယ္ဆန္႔မလဲ၊ အတြယ္အတာေတြက ကမၻာႀကီးထက္ႀကီးခဲ့တယ္
ကားဘီးႀကီး ေျမာက္သြားျပန္ၿပီ
အခု ဟိုင္းလတ္ကားလိုင္းေတြ မ႐ွိေတာ့ၿပီ
၅၅ လိုင္းေရာ ဘယ္ေရာက္သြားတယ္မသိ
မ႐ွိေတာ့တာလား ေက်ာက္ခ်ေနတာလား
ငါ ဆင္မလိုက္ေစ်းေ႐ွ႕မွာ
ငါ သရက္ေတာ ၄ လမ္းထိပ္မွာ
ေစာင့္ေနတာ ႏွစ္ သံုးဆယ္႐ွိၿပီ
အလံုကရင္ျခံဘက္ ျဖတ္တဲ့အခါ
သတိရမိတာမ်ား ေျပာပါတယ္
ဘုရားေက်ာင္းအမိုးခြၽန္ခြၽန္ႀကီးမ်ား မ႐ွိေတာ့
ေဘာလံုးကြင္းလည္း မ႐ွိေတာ့
ေဒၚခင္ေလးမူ ကဗ်ာထဲက ဘေရတန္ဘုရားေက်ာင္းႀကီးနံရံလည္း
အရင္ေလာက္ေရနံမည္းမည္းေတြ မေတြ႔ရေတာ့
ကရင္ျခံထဲမွာ အေဆာက္အဦးေတြမ်ားလာတယ္
သိတဲ့သူေတြလည္း တစ္ေယာက္မွ မေတြ႔ေတာ့ဘူး
ေၾသာ္ အရင္းႏွီးဆံုးတစိမ္းေတြပါလား ေတြးမိတယ္
ရထားလမ္းတေလ်ာက္ ဟုမ္းလမ္းဘက္ ေလ်ွာက္
တဖန္ အလံုလမ္းဘူတာဘက္ ျပန္ေလ်ွာက္
မီးရထားဝင္းထိပ္မွာ ကရာေတးသင္တန္းဆိုင္းဘုတ္
ဟိုးတုန္းကေတြ႔ေနက်တစ္ခု ခုထိ႐ွိေနတုန္း
ေတြးမိလ်က္ ေပ်ာ္မိ ျပံဳးမိ စံုစမ္းၾကည့္မလို႔ လုပ္ေသး
ေျသာ္ ငါ့ႏွယ္ သိုင္းသင္တန္းလာစံုစမ္းတယ္မ်ား
ထင္ေလမလား ျပံဳးရျပန္တယ္ အသက္ရယ္
အရြယ္ေတြ မငယ္ေတာ့ဘူး
မီးရထားလမ္းဆက္ေၾကာင္းက မူလီေတြ
ဇလီဖားတံုးေတြက သစ္သားေတြ မဟုတ္ေတာ့ဘူး
အုတ္ႂကြပ္မိုးအိမ္မဲႀကီးေတြလည္း မ႐ွိေတာ့ဘူး
ကမၻာစစ္ဟာ နည္းပညာအေနနဲ႔မ်ား ျဖတ္သြားသလား
ကမၻာတည္မယ္ထင္တဲ့ အေတြးထည္ေတြကို
သြပ္အျပာေရာင္ေတြနဲ႔ ပတ္ကာပစ္လိုက္ၿပီ
အသုပ္သည္ ကိုေက်ာ္ဟိန္း ေသၿပီၾကားတယ္
ပထဝီဆရာ ဗိုလ္ထု ေသၿပီေျပာတယ္
ကြင္းေက်ာင္းထိပ္က ရတနာ ပိတ္လိုက္ၿပီ
သမိုင္းသင္တဲ့ တီခ်ယ္ႀကီးေရာ သူ႔ စနၵယားေရာ ေသၿပီ
ေသတာဟာ အမွန္တရားပဲ လို႔
႐ွင္လ်က္ကေန ငါ ေတြးမိေတာ့ ငါ့လိုပဲ
အမွားေတြဟာ ႐ွင္သန္ ေလ်ွာက္သြားေနတာပဲ
ဂ်မခနာဘက္ အလံု ၄ ဘက္ မေနာ္ဟရီဘက္
အလံုဒဂံုထဲမွာလည္း ခေရပင္လမ္း ႐ွိတာပဲ
ျပည္ေတာင္စုရိပ္သာဟာ ခုေတာ့ မုိင္ဂါးဒင္းတဲ့
အေနာက္ဘက္မုဒ္ဝင္းဟာလည္း ယဥ္ေက်းတဲ့ ပန္းဥယ်ာဥ္ ျဖစ္ေနပါၿပီ
မင္းနားလို႔ မရေတာ့ပါဘူး ငွက္ကေလးရာ
မင္း သြားစရာလည္း မ႐ွိပါဘူး
ႏွစ္ေပါင္းမ်ားစြာ မင္းေလ်ွာက္ေနတဲ့လမ္းေပၚမွာ
မင္းဟာ ေတြ႔တဲ့လူတိုင္းကို
လမ္းလိုက္ေမးေနရၿပီျဖစ္တဲ့အျဖစ္
နံရံေပၚ မင္းဟာ အုတ္နီခဲနဲ႔အ႐ုပ္ေရးတုန္းပဲ
စပေရး မင္းမသံုးဘူးေလ
အခ်ိန္ေတြ ကုန္သြားမွာ မင္း စိုးရိမ္ေနတယ္
တိမ္ေတြကို မင္းေရးတဲ့အခါ သတိမလြတ္ေစနဲ႔
ရထားဟာ ဂ်ံဳးဂ်ံဳးဂ်က္ဂ်က္ သတိမလြတ္ေစနဲ႔
ဘုရားေက်ာင္းဘက္က ဓမၼသီသီခ်င္းသံ
ကားဘရိတ္ က်ီြကနဲ႔နင္းသံ
မင္းထံ သူတို႔ျပန္လာၾကေလၿပီ
ပိေတာက္ကိုင္းတစ္ေလ်ွာက္
ရြက္သစ္ေလးပမာ အဆင္မဆန္းေသာ္လည္း
ရင့္ေရာ္မႈဟာ အၫႊန္႔ကေလး ဖူးလို႔
လတန္ခူးဆီ။
မိုးေဝး
[unicode]
ပြန်လည်
ဟိုးတုန်းက စီးဖူးတဲ့
၅၅ ဟိုင်းလက်ကား
ဆင်မလိုက်ကနေ အလုံ ဆင်းမင်းဈေး ကရင်ခြံ
အသွားငါးမူး အပြန်ငါးမူး
အလုံလမ်းဘူတာက ကိုကျော်ဟိန်းအသုပ်က တစ်ကျပ်
ရှေ့ဘီးကြီး မြောက်မြောက်သွားအောင် ငါတို့တွယ်ကြ
အလယ်ခုံဘယ်တော့မှ မထိုင်ကြ
ဒရိုင်ဘာအသံ စပီကာထဲက ထွက်လာတယ်
ရှေ့မှာ ရဲ၊ တွယ်တွေ အထဲဝင်ကြတဲ့
ဘယ်ဆန့်မလဲ၊ အတွယ်အတာတွေက ကမ္ဘာကြီးထက်ကြီးခဲ့တယ်
ကားဘီးကြီး မြောက်သွားပြန်ပြီ
အခု ဟိုင်းလတ်ကားလိုင်းတွေ မရှိတော့ပြီ
၅၅ လိုင်းရော ဘယ်ရောက်သွားတယ်မသိ
မရှိတော့တာလား ကျောက်ချနေတာလား
ငါ ဆင်မလိုက်ဈေးရှေ့မှာ
ငါ သရက်တော ၄ လမ်းထိပ်မှာ
စောင့်နေတာ နှစ် သုံးဆယ်ရှိပြီ
အလုံကရင်ခြံဘက် ဖြတ်တဲ့အခါ
သတိရမိတာများ ပြောပါတယ်
ဘုရားကျောင်းအမိုးချွန်ချွန်ကြီးများ မရှိတော့
ဘောလုံးကွင်းလည်း မရှိတော့
ဒေါ်ခင်လေးမူ ကဗျာထဲက ဘရေတန်ဘုရားကျောင်းကြီးနံရံလည်း
အရင်လောက်ရေနံမည်းမည်းတွေ မတွေ့ရတော့
ကရင်ခြံထဲမှာ အဆောက်အဦးတွေများလာတယ်
သိတဲ့သူတွေလည်း တစ်ယောက်မှ မတွေ့တော့ဘူး
သြော် အရင်းနှီးဆုံးတစိမ်းတွေပါလား တွေးမိတယ်
ရထားလမ်းတလျောက် ဟုမ်းလမ်းဘက် လျှောက်
တဖန် အလုံလမ်းဘူတာဘက် ပြန်လျှောက်
မီးရထားဝင်းထိပ်မှာ ကရာတေးသင်တန်းဆိုင်းဘုတ်
ဟိုးတုန်းကတွေ့နေကျတစ်ခု ခုထိရှိနေတုန်း
တွေးမိလျက် ပျော်မိ ပြုံးမိ စုံစမ်းကြည့်မလို့ လုပ်သေး
သြော် ငါ့နှယ် သိုင်းသင်တန်းလာစုံစမ်းတယ်များ
ထင်လေမလား ပြုံးရပြန်တယ် အသက်ရယ်
အရွယ်တွေ မငယ်တော့ဘူး
မီးရထားလမ်းဆက်ကြောင်းက မူလီတွေ
ဇလီဖားတုံးတွေက သစ်သားတွေ မဟုတ်တော့ဘူး
အုတ်ကြွပ်မိုးအိမ်မဲကြီးတွေလည်း မရှိတော့ဘူး
ကမ္ဘာစစ်ဟာ နည်းပညာအနေနဲ့များ ဖြတ်သွားသလား
ကမ္ဘာတည်မယ်ထင်တဲ့ အတွေးထည်တွေကို
သွပ်အပြာရောင်တွေနဲ့ ပတ်ကာပစ်လိုက်ပြီ
အသုပ်သည် ကိုကျော်ဟိန်း သေပြီကြားတယ်
ပထဝီဆရာ ဗိုလ်ထု သေပြီပြောတယ်
ကွင်းကျောင်းထိပ်က ရတနာ ပိတ်လိုက်ပြီ
သမိုင်းသင်တဲ့ တီချယ်ကြီးရော သူ့ စန္ဒယားရော သေပြီ
သေတာဟာ အမှန်တရားပဲ လို့
ရှင်လျက်ကနေ ငါ တွေးမိတော့ ငါ့လိုပဲ
အမှားတွေဟာ ရှင်သန် လျှောက်သွားနေတာပဲ
ဂျမခနာဘက် အလုံ ၄ ဘက် မနော်ဟရီဘက်
အလုံဒဂုံထဲမှာလည်း ခရေပင်လမ်း ရှိတာပဲ
ပြည်တောင်စုရိပ်သာဟာ ခုတော့ မိုင်ဂါးဒင်းတဲ့
အနောက်ဘက်မုဒ်ဝင်းဟာလည်း ယဉ်ကျေးတဲ့ ပန်းဥယျာဉ် ဖြစ်နေပါပြီ
မင်းနားလို့ မရတော့ပါဘူး ငှက်ကလေးရာ
မင်း သွားစရာလည်း မရှိပါဘူး
နှစ်ပေါင်းများစွာ မင်းလျှောက်နေတဲ့လမ်းပေါ်မှာ
မင်းဟာ တွေ့တဲ့လူတိုင်းကို
လမ်းလိုက်မေးနေရပြီဖြစ်တဲ့အဖြစ်
နံရံပေါ် မင်းဟာ အုတ်နီခဲနဲ့အရုပ်ရေးတုန်းပဲ
စပရေး မင်းမသုံးဘူးလေ
အချိန်တွေ ကုန်သွားမှာ မင်း စိုးရိမ်နေတယ်
တိမ်တွေကို မင်းရေးတဲ့အခါ သတိမလွတ်စေနဲ့
ရထားဟာ ဂျုံးဂျုံးဂျက်ဂျက် သတိမလွတ်စေနဲ့
ဘုရားကျောင်းဘက်က ဓမ္မသီသီချင်းသံ
ကားဘရိတ် ကျွီကနဲ့နင်းသံ
မင်းထံ သူတို့ပြန်လာကြလေပြီ
ပိတောက်ကိုင်းတစ်လျှောက်
ရွက်သစ်လေးပမာ အဆင်မဆန်းသော်လည်း
ရင့်ရော်မှုဟာ အညွှန့်ကလေး ဖူးလို့
လတန်ခူးဆီ။
မိုးဝေး
Labels: မိုးေဝး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home