14 June, 2019

သူငယ္ခ်င္း




အလုပ္အတူတြဲလုပ္ဖုိ႔
တေယာက္ကိုတေယာက္ ခ်စ္ေနစရာ မလိုဘူး (လီကြမ္ယု)
ဒါေပမယ့္ တေယာက္ကိုတေယာက္ယံုၾကည္ေနဖို႔ေတာ့လိုတယ္ (ငါ)

တအိပ္ယာထဲ 
ငါတို႔ အိပ္မက္ဆင္တူမက္ခဲ့ဖူးလို႔လား
အိပ္မက္ေတြ ႐ိုက္ထည့္လို႔ရခဲ့ရင္ေတာင္
ဖြဲ႕သားေတြ အဆင္ကြဲေနအံုးမွာေသခ်ာ

အခ်စ္ကို ေဖာ္ျပဖို႔
တေယာက္ကိုတေယာက္ေပြ႔ဖက္ေနစရာမလိုဘူးေလ
တေယာက္တည္႐ွိမႈကိုတေယာက္က အသိအမွတ္ျပဳဖို႔ပဲလိုတာမဟုတ္လား

ေမတၱာတရားဆိုတာကို 
ဘယ္ပုထုဇဥ္ဆီကမွ ငါ မေမွ်ာ္လင့္ဘူး
သစၥာတရားကိုေတာ့ 
ေခြးတေကာင္ဆီကေတာင္ မင္းရခဲ့ဖူးမွာ ယံုတယ္

သားစိမ္းငါးစိမ္း စားသူခ်င္း
တေယာက္ညီွနံ႔တေယာက္ မခံႏိုင္ၾကရင္္လည္း
မသကာ ေက်ာေပးအိပ္ၾကရံုပဲ သူငယ္ခ်င္း
ငါတို႔ႏွစ္ေယာက္လံုး ဇာတ္တူသားေတာ့ မစားၾကဘူးေလ

ေအာင္ပြဲေတြဟာ ခ်ိဳၿမိန္ပါတယ္
သစၥာတရားကသာ ေဆးဖက္ဝင္တာ
မင္းေရာ ငါေရာ သိၿပီးသားမဟုတ္လား။

ကုိသန္းထြန္း

[unicode]


သူငယ်ချင်း

အလုပ်အတူတွဲလုပ်ဖို့
တယောက်ကိုတယောက် ချစ်နေစရာ မလိုဘူး (လီကွမ်ယု)
ဒါပေမယ့် တယောက်ကိုတယောက်ယုံကြည်နေဖို့တော့လိုတယ် (ငါ)

တအိပ်ယာထဲ 
ငါတို့ အိပ်မက်ဆင်တူမက်ခဲ့ဖူးလို့လား
အိပ်မက်တွေ ရိုက်ထည့်လို့ရခဲ့ရင်တောင်
ဖွဲ့သားတွေ အဆင်ကွဲနေအုံးမှာသေချာ

အချစ်ကို ဖော်ပြဖို့
တယောက်ကိုတယောက်ပွေ့ဖက်နေစရာမလိုဘူးလေ
တယောက်တည်ရှိမှုကိုတယောက်က အသိအမှတ်ပြုဖို့ပဲလိုတာမဟုတ်လား

မေတ္တာတရားဆိုတာကို 
ဘယ်ပုထုဇဉ်ဆီကမှ ငါ မမျှော်လင့်ဘူး
သစ္စာတရားကိုတော့ 
ခွေးတကောင်ဆီကတောင် မင်းရခဲ့ဖူးမှာ ယုံတယ်

သားစိမ်းငါးစိမ်း စားသူချင်း
တယောက်ညှီနံ့တယောက် မခံနိုင်ကြရင်လည်း
မသကာ ကျောပေးအိပ်ကြရုံပဲ သူငယ်ချင်း
ငါတို့နှစ်ယောက်လုံး ဇာတ်တူသားတော့ မစားကြဘူးလေ

အောင်ပွဲတွေဟာ ချိုမြိန်ပါတယ်
သစ္စာတရားကသာ ဆေးဖက်ဝင်တာ
မင်းရော ငါရော သိပြီးသားမဟုတ်လား။

ကိုသန်းထွန်း

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home