ပဲျပဳတ္နံျပား( လမ္းေပၚက ေအာ္လိုက္သံ)
မနက္လင္းၿပီ
ေစာေစာက ေရးၿပီး
ျပန္ဖ်က္လိုက္တဲ့ဒီစာသားဟာ
ဝရန္တာကေန ေၾကးစည္သံနဲ႔အတူ
လင္းဝင္လာျပန္တယ္
ျမင္ေနက်ခိုေတြ
ျမင္ေနက် ေခါင္မိုးေတြနဲ႔
ျမင္ေနက် ငါ့ကိုယ္ငါလည္း
ျမင္ေနက်လို႔ ေျပာရမလား
မ်က္ႏွာခ်င္းဆိုင္ေခါင္မိုးစြန္းမွာ
က်ီးကန္းေတြက တအာအာနဲ႔
ကာ(ဖ)ကာကို သိသလား
ကာ(ဖ)ကာကို သိသလားတဲ့
ကားတစ္စီးရဲ႕ အင္ဂ်င္စက္ႏိုးသံ
ေရသန္႔ယူၾကဦးမလား ေအာ္သံ
လူတစ္ေယာက္ လမ္းေလွ်ာက္လာဟန္
ေနလံုးႀကီးလည္း ေျမာက္တက္လာျပန္ၿပီ
ဘာျပန္ေျပာလိုက္ရမလဲ
ဘာမွ ေခၚထူးေမးျမန္းမႈ မရွိဘဲ
ေရာက္လာတဲ့ေန႔တစ္ေန႔ကို
အိမ္ရွင္ေတြ မရွိဘူးလို႔ ေျပာလိုက္ရမလား
မိုးေဝး
[ unicode ]
ပဲပြုတ်နံပြား( လမ်းပေါ်က အော်လိုက်သံ)
မနက်လင်းပြီ
စောစောက ရေးပြီး
ပြန်ဖျက်လိုက်တဲ့ဒီစာသားဟာ
ဝရန်တာကနေ ကြေးစည်သံနဲ့အတူ
လင်းဝင်လာပြန်တယ်
မြင်နေကျခိုတွေ
မြင်နေကျ ခေါင်မိုးတွေနဲ့
မြင်နေကျ ငါ့ကိုယ်ငါလည်း
မြင်နေကျလို့ ပြောရမလား
မျက်နှာချင်းဆိုင်ခေါင်မိုးစွန်းမှာ
ကျီးကန်းတွေက တအာအာနဲ့
ကာ(ဖ)ကာကို သိသလား
ကာ(ဖ)ကာကို သိသလားတဲ့
ကားတစ်စီးရဲ့ အင်ဂျင်စက်နိုးသံ
ရေသန့်ယူကြဦးမလား အော်သံ
လူတစ်ယောက် လမ်းလျှောက်လာဟန်
နေလုံးကြီးလည်း မြောက်တက်လာပြန်ပြီ
ဘာပြန်ပြောလိုက်ရမလဲ
ဘာမှ ခေါ်ထူးမေးမြန်းမှု မရှိဘဲ
ရောက်လာတဲ့နေ့တစ်နေ့ကို
အိမ်ရှင်တွေ မရှိဘူးလို့ ပြောလိုက်ရမလား
မိုးဝေး
Labels: မိုးေဝး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home