26 June, 2019



နေ့လယ်ကျရင်
မြို့ထဲဘက် သွားမယ်
မြို့ထဲရောက်ရင်
မကြာခင် ပိတ်တော့မယ့်
စူပါကင်းမှာ ထိုင်မယ်
ကျဆိမ့်ကို သတိရပြီး
လက်ဘက်ရည်ရောက်လာရင်
ရေနွေး ငှဲ့မယ်
ရေနွေး ငှဲ့ပြီးရင်
လက်ဘက်ရည် သောက်မယ်
ကြည့်ပြီးရင် မေ့မယ်
မေ့ပြီးရင် သတိရမယ်
သတိရပြီးရင်လည်း
ပြန်မေ့ကြတာပေါ့
မင်းဘယ်သူလဲ
ငါ ဘယ်သူလဲ
မင်းမရှိ ငါမရှိ
သီချင်းစာသားကို
အိမ်ပြန်ဖို့ သတိရမယ်
သတိရတာနဲ့
လှမ်းသတိပေးလိုက်မယ်
ငါရော မပြန်သေးဘူးလား
ပန်းဆိုးတန်းဟာ

မိုးဝေး
၂၅-၆-၂၀၁၉

[unicode]

ရောက်တတ်ရာရာ ပန်းဆိုးတန်း

နေ့လယ်ကျရင်
မြို့ထဲဘက် သွားမယ်
မြို့ထဲရောက်ရင်
ပန်းဆိုးတန်းဘက်သွားမယ်
ပန်းဆိုးတန်းရောက်ရင်
မကြာခင် ပိတ်တော့မယ့်
စူပါကင်းမှာ ထိုင်မယ်
စားပွဲဆီ စားပွဲထိုးကလေးတွေ လာရင်
ကျဆိမ့်ကို သတိရပြီး
ပေါ့ဆိမ့် တစ်ခွက် မှာမယ်
လက်ဘက်ရည်ရောက်လာရင်
ရေနွေး ငှဲ့မယ်
ရေနွေး ငှဲ့ပြီးရင်
လက်ဘက်ရည် သောက်မယ်
လက်ဘက်ရည်သောက်ပြီးရင်
တကျော့နှကျော့ကိစ္စတွေ ကြည့်မယ်
ကြည့်ပြီးရင် မေ့မယ်
မေ့ပြီးရင် သတိရမယ်
သတိရပြီးရင်လည်း
ပြန်မေ့ကြတာပေါ့
မင်းဘယ်သူလဲ
ငါ ဘယ်သူလဲ
မင်းမရှိ ငါမရှိ
အားလုံး ဘယ်သူမှမရှိ ဆိုတဲ့
သီချင်းစာသားကို
သံစဉ်နဲ့အတူ ညည်းမိမယ်
ပြီးရင် ပိုက်ဆံ ရှင်းမယ်
ပြန်အမ်းငွေစောင့်မယ်
ပြန်အမ်းငွေစောင့်ရင်း
အိမ်ပြန်ဖို့ သတိရမယ်
သတိရတာနဲ့
ဟေး လို့ တစ်ယောက်ယောက်ကို
လှမ်းသတိပေးလိုက်မယ်
မင်းရော မပြန်သေးဘူးလား
ငါရော မပြန်သေးဘူးလား
ပန်းဆိုးတန်းဟာ
နေဝင်ရင် ပိုလှတယ် ဆိုလား

မိုးဝေး
၂၅-၆-၂၀၁၉

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home