17 July, 2019

လယ္သမားမ်ား

ျဖစ္ႏိုင္ျခင္းတစ္ဧက၊ မျဖစ္ႏိုင္ျခင္းတစ္ဧက
ထယ္ေရးညက္ေအာင္ ထြန္ယက္ခဲ့ၾကၿပီးၿပီ
မ်ိဳးေစ့ေတြကိုယ္စီနဲ႔ သူတုိ႔
ေကာင္းကင္ကုိ ေမာ့လုိ႔ၾကည့္ၾက။

ပင္လယ္ သမုဒၵရာေတြဆီက
အန္ခ် ေစလႊတ္လိုက္မယ့္ အရည္ရႊမ္းတိမ္တုိက္ေတြ
မုတ္သုံေလနဲ႔အတူ ဆိုက္ေရာက္လာမယ့္ေန႔ကုိေလ။

ေနမ်ိဳး
ျမားနတ္ေမာင္၊ ဒီဇင္ဘာ၊ ၁၉၉၇


(unicode)

လယ်သမားများ

ဖြစ်နိုင်ခြင်းတစ်ဧက၊ မဖြစ်နိုင်ခြင်းတစ်ဧက
ထယ်ရေးညက်အောင် ထွန်ယက်ခဲ့ကြပြီးပြီ
မျိုးစေ့တွေကိုယ်စီနဲ့ သူတို့
ကောင်းကင်ကို မော့လို့ကြည့်ကြ။

ပင်လယ် သမုဒ္ဒရာတွေဆီက
အန်ချ စေလွှတ်လိုက်မယ့် အရည်ရွှမ်းတိမ်တိုက်တွေ
မုတ်သုံလေနဲ့အတူ ဆိုက်ရောက်လာမယ့်နေ့ကိုလေ။

နေမျိုး
မြားနတ်မောင်၊ ဒီဇင်ဘာ၊ ၁၉၉၇

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home