ခ်စ္သူသို႔
ႏွင္းေတြေဝတဲ့တစ္ေန႔က
တစ္ကိုက္ကိုက္ထားတဲ့
သစ္ေတာ္သီးတစ္လုံးမွာ
မင္းနာမည္လိပ္စာတပ္
(တံဆိပ္ေခါင္းေတြလည္း အျပည့္အစုံကပ္ကာ)
စာတိုက္ပုံးထဲ ထည့္လိုက္တယ္။
သစ္႐ြက္ေတြေႂကြတဲ့ေန႔ကဆို
မႏၲေလးၿမိဳ႕ႀကီးကို
ပါဆယ္ထုပ္ကာ
စာတိုက္ပုံးထဲထည့္လိုက္ရဲ႕။
အခ်စ္ေရ...
မိုးေတြ႐ြာလာၿပီ
(လြမ္းလည္း လြမ္းလွၿပီကြာ)
အနီေရာင္စာတိုက္ပုံးထဲ
ငါကိုယ္တိုင္ပဲ ခုန္ခ်လိုက္ေပါ့။
ေနမ်ိဳး
ျမားနတ္ေမာင္၊ ဇူလိုင္လ၊ ၁၉၉၇
(unicode)
ချစ်သူသို့
နှင်းတွေဝေတဲ့တစ်နေ့က
တစ်ကိုက်ကိုက်ထားတဲ့
သစ်တော်သီးတစ်လုံးမှာ
မင်းနာမည်လိပ်စာတပ်
(တံဆိပ်ခေါင်းတွေလည်း အပြည့်အစုံကပ်ကာ)
စာတိုက်ပုံးထဲ ထည့်လိုက်တယ်။
သစ်ရွက်တွေကြွေတဲ့နေ့ကဆို
မန္တလေးမြို့ကြီးကို
ပါဆယ်ထုပ်ကာ
စာတိုက်ပုံးထဲထည့်လိုက်ရဲ့။
အချစ်ရေ...
မိုးတွေရွာလာပြီ
(လွမ်းလည်း လွမ်းလှပြီကွာ)
အနီရောင်စာတိုက်ပုံးထဲ
ငါကိုယ်တိုင်ပဲ ခုန်ချလိုက်ပေါ့။
နေမျိုး
မြားနတ်မောင်၊ ဇူလိုင်လ၊ ၁၉၉၇
Labels: ေနမ်ိဳး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home