ပိုးကြိုး
လုပ်ကြံခံရတာနဲ့
ဓါးချင်းယှဉ်ခုတ်ရတာ မတူဘူးလေ
စစ်တိုက်ပြီးကျွန်ပြုခံရတာနဲ့
ကုမ္ပဏီထောင်ပြီး နယ်ချဲ့ခံရတာကျတော့ အတူတူပဲ
မြှားမှန်ခံရတာက မနာဘူး
ပြန်နှုတ်ရတာက ပိုပြီးနာတယ်
ပျားရည်ကချိုသလောက်
ပျားတုပ်ခံရတာက သေမတတ်အဆိပ်တက်
ကျားအရေခွံက ဈေးကြီးတယ်
ကျားအရှင်က ပိုပြီးအန္တရာယ်ကြီးတယ်
နံရံက
တွင်းဆုံးကျစွာ
ခြေဖဝါး
ပုလင်းကွဲရှရ
ရွက်လွှင့်သော်လည်း
လေမသာ
နေသာသော်လည်း
ရေမလာ
ဘရန်းဒက်တွေရမယ်နော်
နိုင်ငံခြားဖြစ် စစ်စစ်တွေနော်
ပလက်ဖောင်းပေါ်အပုံလိုက်ကြီး ချရောင်းကြ
ဂျင်းဘောင်းဘီအဟောင်းတစ်ထည်ဝယ်
တီရှပ်အဟောင်းတစ်ထည်ဝယ်
မန္တလေးရမ်တစ်လုံးဝယ်
အိမ်ပြန်ရောက်တော့
ရာသီတော်ဦးဝယ် ။
ကြည်ဇော်အေး
21 feb 2020
Labels: ကြည်ဇော်အေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home