အသေခံသတင်း
လူမည်းဘောလုံးသမား
လူမည်းသမ္မတ
လူမည်းကဗျာဆရာ
လူ့အခွင့်အရေးအကြောင်းဆွေးနွေးနေကြတယ်
မြေအောက်ရထားပေါ်မှာ
ရုံးဆင်းလာတဲ့ဘုရားတွေဟာတိတ်ဆိတ်
လူတွေက
ကိုရိုနာဗိုင်းရပ်စ်ပိုးအကြောင်းငြင်းခုန်နေကြ
ဒီနေ့ထုတ်သတင်းစာအယ်ဒီတာ့အာဘော်မှာ
ဥပဒေဆိုတာ လူကရေးဆွဲထားတာ
ဥပဒေကြောင့် အချစ်ရေးမထိခိုက်စေရ လို့ဖော်ပြထားတယ်
အချစ်က
စစ်ပြန်တစ်ယောက်
ရထားပေါ်မှာ
ဗုံးတစ်လုံးပါလာတယ်
ရထားက ရပ်မရ ။
ကြည်ဇော်အေး
9 feb 2020
Labels: ကြည်ဇော်အေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home