ဆယ်ကျော်သက်
ကိုယ်တို့ရဲ့ ဆယ်ကျော်သက်က
ရင်ခုန်ရတယ်
ကျွန်မ ရှင့်စက်ဘီးနောက် ထိုင်မလိုက်နိုင်ဘူး
လူတွေတစ်မျိုးထင်လိမ့်မယ်တဲ့
ကိုယ်တို့ရဲ့ဆယ်ကျော်သက်က
ရယ်စရာ
ကျွန်မက မိန်းကလေးလေ
ယောက်ျားလေးတွေနဲ့
လက္ဘရည်ဆိုင်အတူထိုင်ရင်
အများကဘယ်လိုမြင်မလဲတဲ့
ကိုယ်တို့ရဲ့ဆယ်ကျော်သက်က
စိတ်ရှည်ရတယ်
ကျွန်မတို့ခင်တာ တစ်နှစ်ကျော်ပဲရှိသေးတယ်
ရှင့်ကိုအဖြေပေးဖို့
စောလွန်းပါသေးတယ်တဲ့
ကိုယ်တို့ရဲ့ဆယ်ကျော်သက်က
သူ့ပါးလေးကိုနမ်းဖို့ သူ့ခွင့်ပြုချက်လိုတယ်
ကိုယ်တို့ရဲ့ဆယ်ကျော်သက်မှာ
အချိန်ပိုင်းဟိုတယ်တွေမရှိဘူး
ကိုယ်တို့ရဲ့ဆယ်ကျော်သက်မှာ
တစ်ခါသုံးဆေးထိုးအပ်ကို မသိဘူး
ကိုယ်တို့ရဲ့ဆယ်ကျော်သက်မှာ
သန္ဓေတားဆေးကို မရင်းနှီးဘူး
ကွန်ဒုံးသုံးပုံသုံးနည်း အလွတ်မရဘူး
သူငယ်ချင်းကို ရည်းစားစကားပြောရင်
တစ်ဖွဲ့လုံးက ဝိုင်းကျဉ်တယ်
ပြောရရင်
ကိုယ်တို့ရဲ့ဆယ်ပျော်သက်ဟာ
မဟာဆန်သူ
ကိုယ်တို့ရဲ့ဆယ်ကျော်သက်ဟာ
တစ်ပင်တည်းရင်ထဲကနွယ်
ကိုယ်တို့ရဲ့ဆယ်ကျော်သက်ဟာ
ငယ်ကချစ်နှစ်တစ်ရာတိုင်
ကိုယ်တို့ရဲ့ဆယ်ကျော်သက်ဟာ
ဆံမြိတ်လည်းမပြေဘူး
ပန်းလည်းမကြွေဘူး
ကိုယ်တို့ရဲ့ဆယ်ကျော်သက်ဟာ
သီတင်းကျွတ်ရင် လက်ထပ်မယ်
ကိုယ်တို့ရဲ့ဆယ်ကျော်သက်လေ
အခုမယုံနိုင်စရာ
ကိုယ်တို့ရဲ့ဆယ်ကျော်သက်ပေါ့
အခုစိတ်ပျက်လက်ပျက်
ကိုယ်တို့ရဲ့ဆယ်ကျော်သက်လား
ကိုယ်လေခုထိ ချစ်နေတုန်းပဲ ။
မိုးရင့်ကြယ်
Labels: မိုးရင့်ကြယ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home