နှင်းတွေကြား ( ၂ )
ငါရပ်နေရင်း
မင်းဆီ တရွေ့ရွေ့တိုးဝင် အေးစက်ရ
ငါရွေ့နေတော့
မင်း ငြိမ်ဆိတ်မှုထဲ ပျော်ဝင်အေးခဲလို့
အနမ်းနဲ့မှ နွေးမှာလား
မှန်ပြတင်းမှာ ပါးအပ်လို့ တွေးမိတယ်
ငါ့ဆီမှ တည့်တည့်မလာနိုင်တဲ့ ဆောင်းအကြောင်း။
မိုးရင့်ကြယ်
Labels: မိုးရင့်ကြယ်
ငါရပ်နေရင်း
Labels: မိုးရင့်ကြယ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home