သူတောင်းစားဝါဒီ
ပဲရစ်မျှော်စင်ကြီး
မော့မကြည့်ဖူးပါဘူး။
ဒူးရွန့်ရဲ့ကြွေဖလား
မမြင်ဖူးပါဘူး။
ဦးဘဉာဏ်ပန်းချီကား
ဖြူသလား မည်းသလား။
ဘာသာစကားအမျိုးမျိုး
မပြောမဆိုတတ်ပါဘူး။
လေယာဉ်ပျံကြီးစီး
ခရီးမသွားဖူးပါဘူး။
အပန်းဖြေခရီးရှည်
မထွက်ဖူးပါဘူး။
ကားလ်မတ်နဲ့ အိန်ဂျယ်လ်က
ညီအစ်ကိုတွေလား။
မြစ်တွေရဲ့အရှည်
မသိပါဘူး။
တောင်တွေရဲ့အမြင့်
မသိပါဘူး။
နိုင်ငံနှင့် လူမျိုး
မချစ်ပါဘူး။
ပလေတိုက
လူအမည်လား အနုပညာအမည်လား။
ကံ
မရှိပါဘူး။
ဉာဏ်
မရှိပါဘူး။
လူရာ
မဝင်ပါဘူး။
ပိုက်ဆံကို ဂရုမစိုက်ဘူး
ဂရုစိုက်စရာ ပိုက်ဆံလည်းမရှိဘူး။
ဗန်ဂိုးက
အာလူးစားသူလား။
နရနီ
Poetry Wave, Vol (5)
Labels: နရနီ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home