ထိုင်ခုံတွေ
မင်းထိုင်ပါ
သယံဇာတ အရှိုးရာနဲ့ တင်ပါးတွေ ထွက်ခွာသွားတဲ့အခါ
မင်းထိုင်ပါ
ရေမြေတောတောင် အိတ်ကပ်ထဲထည့်ပီး စက်ခလုတ်နှိပ်မယ့်လက်တွေ
လျော့ပါးသွားတဲ့အခါ
မင်းထိုင်ပါ
အရင်တယောက်ကလည်း ပြန်ထိုင်ဖို့ချောင်းနေတာ
မင်းထိုင်ပါ
ခြေထောက်လေးချောင်းထဲပါ
မင်းတို့ထိုင်ဖို့
ငါတို့ ယုံယုံကြည်ကြည်ထမ်းထားရတာ
မင်းထိုင်ပါ
မယိုင်မလဲ ထိုင်စမ်းပါ
လွှသွားတွေ သစ်သားကို အရောတ၀င်လာလုပ်တဲ့အခါ
မင်းထိုင်ပါ
ရဲရဲဝံ့ဝံ့ ထိုင်လိုက်ပါ
သပြေကမ်းပီး ကျည်လမ်းခင်းနေတဲ့ မလိုတမာအခန်းကြီးထဲမှာ
မင်းထိုင်ပါ
ထိုင်ပီးတော့လည်း မေတ္တာပို့ပါ
ထပီးတော့လည်း ခွေးမောင်းပါ
မင်းထိုင်ပါ
ပြတ်ပြတ်သားသားထိုင်လိုက်စမ်းပါ
သည်ထိုင်ခုံဟာ အမေ့တံဆိပ်ကပ်ထားတာ
အားမရခြင်း ခြတွေ မကိုက်စားစေချင်ဘူးကွာ ။ ။
မိုးရင့်ကြယ်
၅ ဖေဖော်ဝါရီ ၂၀၁၈
Labels: မိုးရင့်ကြယ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home