ညီမလေးနဲ့ မိုင်ပေါင်းများစွာ
အချစ်ဆိုတာ
အချိန်အခါမရွေး နာဖျားခွင့်ရှိတယ် မဟုတ်လား
မြက်ခင်းစိမ်းစိမ်းပေါ် အုပ်မိုးကျနေတဲ့
နံနက်ခင်းနေရောင်ခြည်ရဲ့ ယုယမှုမှာ
သူ့အရိပ်လေးကို မြင်လိုမြင်ငြား
ခန်းဆီးစလေးကို တိုးဝင်လာတဲ့
လေပြေညှင်းလေးရဲ့ လတ်ဆတ်မှုမှာ
သူ့ကိုယ်သင်းရနံ့လေးကို ဆုံလိုဆုံငြား
သတိရစိတ်ကို လက်မှတ်ဖြတ်မိတယ်
အနမ်းဆိုပေမယ့်
အထိအတွေ့ကိုရဖို့ လေထုကိုအရင်ဦးဆုံးဖြတ်သန်းရသလိုမျိုး
သူ့ ပါးပြင်လေးဆီ တရွေ့ရွေ့
ကိုယ့် နှုတ်ခမ်းလေး ခရီးဆက်နေရမှုမှာ
သွေးကြောစိမ်းလေးရယ်
ကိုယ်တို့
ယူဇနာဘယ်လောက် လွဲခဲ့ပြီလဲ။ ။
မိုးရင့်ကြယ်
2002/ဧပြီ
Labels: မိုးရင့်ကြယ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home