အရာရာနဲ့ အကြောင်းကြောင်း
မင်း အဆင်ပြေရဲ့လား မေးဖို့
ငါ အဆင်မပြေတဲ့အခါ
ဖြစ်တတ်ပါတယ် လို့ ပြောဖို့
မဖြစ်နိုင်တော့တဲ့အခါ
ကံတရားဟာ သိပ်ရယ်ရတာပဲကွာလို့
ငါ မငိုမိဘဲ ပြောချင်တဲ့အခါ
ငါတို့ အတူနေကြစို့ ပြော ပြောပီး
ဝေးနေရတဲ့အခါ
အခိုက်အတန့်တွေဟာ
ရှည်ကြာလွန်းနေတဲ့ အခါ
သွေးအေးမသွားနဲ့နော်လို့ မှာပီး
သွေးပူနေရတဲ့ အခါ
အရာရာဟာ ဖြစ်တတ်ပါတယ်
အကြောင်းကြောင်းကြောင့်ရယ်လို့
မင်းကို ရှင်းမပြခင်အထိ ။ ။
မိုးရင့်ကြယ်
၃၀ စက်တင်ဘာ ၂၀၁၇
Labels: မိုးရင့်ကြယ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home