မင်းဆီ စာရေးဖို့
ငါ ကြောက်ရွံ့အားငယ်မိ
ကျောင်းစတက်ရသူ ကလေးငယ်တယောက်လို
ငါဟာ ချီတုံချတုံ
ပြောချင်တာတွေ ဘယ်ကစရမလဲဆိုပီး
ငါဟာ မပြတ်သားဘူး
ကကြီးကစ အ အဆုံး တွေဝေလို့
ငါဟာ ကျောက်ရုပ်
စာရွက်ကို မလွတ်တမ်းငေးရင်း
ငါ စာရေးမလို့ပါ
စာမျက်နှာပေါ်မှာ အစက်လေးတစက်
ငါ စာရေးမလို့ပါ
ကိုယ့်လက်ထဲ
ကျစ်ကျစ်ပါသူ ဘောပင်လေး
ငါ စာရေးမလို့ပါ
ငါ မင်းဆီစာရေးမလို့ပါ
နှစ်များစွာ
မှင်စက်ကလေးတစ်စက်သာ
ဆွံ့ဆွံ့အအ စွန်းထင်းခဲ့ရတဲ့ စာရွက်ဟောင်းလေးအကြောင်း ။ ။
မိုးရင့်ကြယ်
၁၄ ဇန်နဝါရီ ၂၀၁၈
Labels: မိုးရင့်ကြယ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home