မိုးအုံ့နေတဲ့နေ့က နေရောင်
တစ်ယောက်ထဲ တစ်ခါရှိရင်တစ်ခါ ကြေကွဲလို
တစ်ယောက်ထဲ အခါခါ ရှိရှိခဲ့တယ်
မသေချာလွန်းတိမ်တွေပဲ
မီးခိုးတွေပဲ လွမ်းနှင်းယောင်ဆောင်ပီ ဝေနေကြတာ
မျက်နှာလိုလက်နဲ့ ပွတ်သတ်ပြီး
မြင်ကွင်းတွေကို ပြန်ပြန်ကြည်တယ်
သတိရခဲ့ဖူးပုံကိုသာ သတိရတော့တဲ့ နေရာတွေ
နေမကောင်းတော့လည်း အော်ရယ်ပြီး
သက်သာတော့လည်း အော်ရယ်တယ်
အဲလိုသာ မရပ်မနားအော်ရယ်ပြီး ကြီးပြင်းနေထိုင်မိ
တစ်နေရာရာမှာ ထိုးရပ်ချင်လွန်းတဲ့ စိတ်ဟာ
ထိုးရပ်လက်စအတိုင်း ဆက်တိုက်ရှိနေတယ်
ဆက်တိုက် ထိုးရပ်ထားသလို အရှိန်ပြင်းလွန်းတယ်
တိမ်တွေ မရှိတော့တဲ့ အချိန်မှာတောင်
တိမ်တွေကိုပဲ မြင်ရသလို လွမ်းတယ်
တိမ်တွေရှိနေတော့လည်း တိမ်တွေ ပျောက်ဆုံးသလို လွမ်းတာပဲ
အတူ သွားရောက်ခဲ့ကြပါတယ်
မတွေ့ ခဲ့ကြပဲ အတူပြန်လာကြတယ်
ဆုံမှတ်ဟာ တစ်နေရာရာမှာ ပုန်းနေတုန်းလား
အတူငိုကြွေးတော့လည်း
အနံ့ ၊ အငွေ့  အသက်
ဓားချင်း ထိခတ်သလို စိတ်ကသိကအောက်ဖြစ်ရတယ်
ဓားချင်းထိသလို
ဓားလွတ်ကျခဲ့တယ်
ဓားချင်းထိသလို အမြဲ ပြင်းထန်နေတဲ့ ဆက်လက်ရှင်သံမှု
ဓားချင်းထိထားသလို ကျိုး ကျေနေတဲ့ မျက်ဝန်းတွေပဲ
ငါမှတ်မိချင်ယောင် ဆောင်နေခဲ့တယ်
ပျော်စရာကောင်းခဲ့တယ်လို့ ဆိုလိုတယ်
လူကြီးလူကောင်းဆန်တဲ့ နေရောင်ပါ
မိုးအုံ့ နေသလို နေ့ဖြစ်ခဲ့တာ။
ဒီလူကလေး
Labels: ဒီလူကလေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home