နှင်းတွေကြား ( ၁ )
အခြားသောတနေရာရာ
ဘယ်လိုအမည်နာမနဲ့ နွေးနေဦးမှာလဲ
ကိုယ့်အရပ်ကနေ မျှော်ရည်အေးခဲမိတယ်
မြက်ပင်ဖျားမှာ
အိပ်ရေးမ၀တဲ့ နှင်းစက်ကလေး
ကိုယ်ငေးနေမိပါတယ်
နေရောင်ဟာ
သတိရစိတ်ကို သပ်ချမသွားခင်အထိ ။ ။
မိုးရင့်ကြယ်
၃၀ . ဇန်နဝါရီ . ၂၀၁၆
Labels: မိုးရင့်ကြယ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home