အဖြူ အစိမ်း
ရူးမိုက်မှုဟာ အဆန်းတကြယ်
ကျောင်းလစ်ပြီး ရုပ်ရှင်မကြည့်ဘူး
လူစုပြီး ဘောလုံးချိန်းမကန်ဘူး
အတန်းထဲ မုန့်ခိုးမစားဘူး
ကျောင်းခေါ်ချိန်ဟာ
သူ့မျက်နှာလေး ငေး ငေးနေလို့
နေ့စဉ် အပြစ်ပေးခံရတဲ့ ထိုင်ထ ဆယ်ခါ
ကျောင်းလွယ်အိတ်ဟာ
သူ့အကြောင်းတွေနဲ့ အမြဲပြည့်နေရတဲ့
ရေးလက်စ ကဗျာ
ဝန်ခံပါတယ်
ရူးမိုက်မှုဟာ ဆန်းကြယ်တယ်
ကိုယ် အသည်းကွဲတာလည်း ပြတ်သားတယ်
တစ်ရက် သူ့လာကြိုတဲ့ ကားနံပါတ်မှာ
ကြယ်ပွင့်လေးကို မြင်လိုက်ရတဲ့အခါ
ကိုယ်က စက်ဘီးစုတ်လေးပါ
အာဏာရှင်ကို မုန်းနေမိတာလည်း
သွေးထဲက အချစ်တစ်မျိုးပေါ့ ။ ။
မိုးရင့်ကြယ်
၂၀၁၄
ကမ္ဘာ့ကဗျာနေ့ ( ရန်ကုန် ) .. ကဗျာ စာအုပ် မှ
Labels: မိုးရင့်ကြယ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home