26 November, 2018

နှင်းတွေကြား ( ၃ )

ထင်းကိုင်းခြောက်လေးကို သည်ဘက်နည်းနည်းတိုးဖို့
မကြိုးစားတော့ဘူး
သူ့အပူထဲ ကိုယ်နွေးနေရမှာလည်း အားနာ

မီးကျီးခဲရဲရဲပေါ်က ထန်းပင်မြစ်လေးလိုလည်း အရသာမရှိချင်တော့

သည်အရေးအသားနဲ့သာ
မင်းမျက်ဝန်းအေးစက်စက်ထဲ ခေါင်းမြီးခြုံမိတယ် ။ ။

မိုးရင့်ကြယ်
၂၆ . ဒီဇင်ဘာ . ၂၀၁၆

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home