ပွဲတော်လည်း ပျော်မယ်မထင်
အပူထဲ
ပေါင်းဖက်ရသော မုန့်လင်မယားတွေ
ပျော်စရာကို ရှာကြံကြည့်တော့
အရုပ်ကလေး အောက်ပြုတ်ကျရင်
အချိုရည်ဗူးလေး ရမယ်
အအေးဓာတ်လေးကို မနာကျင်စေလိုသူပါ
သားရေကွင်းလေးကို ငြင်းပယ်
အရုပ်ကလေးကိုငေးပီး အိမ်ပြန်ခဲ့တယ် ။ ။
မိုးရင့်ကြယ်
၂၅ . ဇန်နဝါရီ . ၂၀၁၇
No comments:
Post a Comment