သေခြင်းဟာငါ့ဆီထပ်လာတယ်၊ မိန်းကလေးတယောက်

သေခြင်းဟာ ငါ့ဆီလာပြန်ပြီ၊ ခိုးခိုးခစ်ခစ်နဲ့
ချည်ထည်အတွင်းခံဂါဝန်နဲ့ ခြေဗလာ မိန်းကလေးတဦး။
ဒါက ရှင်ထင်သလို အားလုံးမှောင်မိုက် တိတ်ဆိတ်နေတာမျိုး
ဆိုးဆိုးဝါးဝါးမဟုတ်ပါဘူးလို့ သူမက ကျွန်တော့်ကို ပြောတယ်။
အဲဒီမှာ လေတိုက်ရင် မြည်တဲ့ချူတွေရယ်၊
သံပယိုသီးတွေရနံ့ရယ်ရှိတယ်၊ တချို့ကနေ့တွေမှာ မိုးရွာတယ်၊
ဒါပေမယ့် မကြာခဏ လေဟာ သွေ့ခြောက်ချိုမြတယ်။
ကျွန်မက ဆံပင်တွေ။ အရိုးတွေနဲ့ ဆောက်ထားတဲ့
လှေကားအိမ်ထဲထိုင်ပြီး ရှင်သန်နေသူတို့ရဲ့အသံကို
နားစွင့်နေတတ်တယ်။
ကျွန်မ အဲဒါကိုကြိုက်တယ်လို့ သူမရဲ့ ဆံပင်က
ဖုန်မှုန့်တွေကိုခါချရင်း ပြောတယ်၊
အထူးသဖြင့် သူတို့ထချကြတဲ့အခါ၊
ပြီးတော့ သီချင်းဆိုကြတဲ့အခါမှာပေါ့တဲ့။ ။

Dorianne Laux

(ဘာသာပြန် - ဒီလူကလေး)

No comments:

Post a Comment