ရှေ့တန်းတစ်နေရာမှ
ကြိုးက နှစ်ချောင်းလုံးဆွေးနေတယ်
ငါ စီးကရက်တွေဖွာပြီး မီးခိုးကို မျက်လုံးထဲမှုတ်သွင်းတယ်
အမှားမှာ
ဓားသွားကနှစ်ဘက်
မိုက်တွင်းဆက်နက်ကြမလား
လက်နက်ချကြမလား
စိတ်ရှိတိုင်းသာဆို
မှန်တံခါးတွေကွဲကုန်မယ်
လည်နေတဲ့အင်ဂျင်ရပ်သွားမယ်
ပုစွန်အစိမ်းသုပ်လို
ဈေးကြီးကြီးအရသာရှိရှိ
ဝီစကီကောင်းကောင်းတစ်ခွက်
မင်းရယ် ငါရယ်
စိတ်ရှိတိုင်းသာဆို
မူးယစ်ဆေးဝါးရယ် သယံဇာတရယ်
လက်နက်ကိုင်အဖွဲ့အစည်းတွေရယ်
မင်းရယ် ငါရယ်
ဖွားဘက်တော်လိုမွေးလာတယ်
စစ်ကြီးကဖြစ်တော့မယ်
တပ်ပြေးတွေများလာတယ်
မဟာမိတ်ဖွဲ့ကြတယ်ဆိုတာ
စစ်ပြီးရင် စီးပွားရေးလုပ်ကြဖို့ပဲ
စိတ်ရှိတိုင်းသာဆို
ငါရှေ့တန်းကပြန်လာရင် လက်ထပ်ခွင့်တင်မယ်
စစ်လျော်ကြေးပေးမယ်
အချစ်စစ်။
ကြည်ဇော်အေး
8 feb 2020
Labels: ကြည်ဇော်အေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home