26 June, 2019

ေရာက္တတ္ရာရာ ပန္းဆိုးတန္း


ေန႔လယ္က်ရင္
ၿမိဳ႕ထဲဘက္ သြားမယ္
ၿမိဳ႕ထဲေရာက္ရင္
ပန္းဆိုးတန္းဘက္သြားမယ္
ပန္းဆိုးတန္းေရာက္ရင္
မၾကာခင္ ပိတ္ေတာ့မယ့္
စူပါကင္းမွာ ထိုင္မယ္
စားပြဲဆီ စားပြဲထိုးကေလးေတြ လာရင္
က်ဆိမ့္ကို သတိရၿပီး
ေပါ့ဆိမ့္ တစ္ခြက္ မွာမယ္
လက္ဘက္ရည္ေရာက္လာရင္
ေရေႏြး ငွဲ႕မယ္
ေရေႏြး ငွဲ႕ၿပီးရင္
လက္ဘက္ရည္ ေသာက္မယ္
လက္ဘက္ရည္ေသာက္ၿပီးရင္
တေက်ာ့ႏွေက်ာ့ကိစၥေတြ ၾကည့္မယ္
ၾကည့္ၿပီးရင္ ေမ့မယ္
ေမ့ၿပီးရင္ သတိရမယ္
သတိရၿပီးရင္လည္း
ျပန္ေမ့ၾကတာေပါ့
မင္းဘယ္သူလဲ
ငါ ဘယ္သူလဲ
မင္းမရွိ ငါမရွိ
အားလံုး ဘယ္သူမွမရွိ ဆိုတဲ့
သီခ်င္းစာသားကို
သံစဥ္နဲ႔အတူ ညည္းမိမယ္
ၿပီးရင္ ပိုက္ဆံ ရွင္းမယ္
ျပန္အမ္းေငြေစာင့္မယ္
ျပန္အမ္းေငြေစာင့္ရင္း
အိမ္ျပန္ဖို႔ သတိရမယ္
သတိရတာနဲ႔
ေဟး လို႔ တစ္ေယာက္ေယာက္ကို
လွမ္းသတိေပးလိုက္မယ္
မင္းေရာ မျပန္ေသးဘူးလား
ငါေရာ မျပန္ေသးဘူးလား
ပန္းဆိုးတန္းဟာ
ေနဝင္ရင္ ပိုလွတယ္ ဆိုလား

မိုးေဝး
၂၅-၆-၂၀၁၉

[unicode]

ရောက်တတ်ရာရာ ပန်းဆိုးတန်း

နေ့လယ်ကျရင်
မြို့ထဲဘက် သွားမယ်
မြို့ထဲရောက်ရင်
ပန်းဆိုးတန်းဘက်သွားမယ်
ပန်းဆိုးတန်းရောက်ရင်
မကြာခင် ပိတ်တော့မယ့်
စူပါကင်းမှာ ထိုင်မယ်
စားပွဲဆီ စားပွဲထိုးကလေးတွေ လာရင်
ကျဆိမ့်ကို သတိရပြီး
ပေါ့ဆိမ့် တစ်ခွက် မှာမယ်
လက်ဘက်ရည်ရောက်လာရင်
ရေနွေး ငှဲ့မယ်
ရေနွေး ငှဲ့ပြီးရင်
လက်ဘက်ရည် သောက်မယ်
လက်ဘက်ရည်သောက်ပြီးရင်
တကျော့နှကျော့ကိစ္စတွေ ကြည့်မယ်
ကြည့်ပြီးရင် မေ့မယ်
မေ့ပြီးရင် သတိရမယ်
သတိရပြီးရင်လည်း
ပြန်မေ့ကြတာပေါ့
မင်းဘယ်သူလဲ
ငါ ဘယ်သူလဲ
မင်းမရှိ ငါမရှိ
အားလုံး ဘယ်သူမှမရှိ ဆိုတဲ့
သီချင်းစာသားကို
သံစဉ်နဲ့အတူ ညည်းမိမယ်
ပြီးရင် ပိုက်ဆံ ရှင်းမယ်
ပြန်အမ်းငွေစောင့်မယ်
ပြန်အမ်းငွေစောင့်ရင်း
အိမ်ပြန်ဖို့ သတိရမယ်
သတိရတာနဲ့
ဟေး လို့ တစ်ယောက်ယောက်ကို
လှမ်းသတိပေးလိုက်မယ်
မင်းရော မပြန်သေးဘူးလား
ငါရော မပြန်သေးဘူးလား
ပန်းဆိုးတန်းဟာ
နေဝင်ရင် ပိုလှတယ် ဆိုလား

မိုးဝေး
၂၅-၆-၂၀၁၉

Labels:

ရိပ္ကနဲ


ငါစြန္႔လႊတ္ခ့ဲတာက
မီးနဲ႔စေတြ႔ၿပီး ထပ္မေလာင္ေတာ့တာပဲ။

ေနာက္ထပ္ေယာင္ေျခာက္ဆယ္ေန႔မ်ား
ခပ္က်က်ေထာင့္စားပဲြမွာ လုိခ်င္ေသးတယ္။

ဘာအားမွမရွိဘူး
ဘာကုိမွလည္း အားမထုတ္ခ့ဲဘူး
ဘယ္ေလာက္ေတာင္ ဘူမိေဗဒဆန္တ့ဲ အေငြ႔လဲ။

မွန္ကဲြေတြက
ဘဝရဲ႕ တိမ္ျပာျပာ။ ။

ဝင္းျမင့္
၂၅ ၆ ၂၀၁၉

[unicode]

ရိပ်ကနဲ

ငါစွန့်လွှတ်ခဲ့တာက
မီးနဲ့စတွေ့ပြီး ထပ်မလောင်တော့တာပဲ။

နောက်ထပ်ယောင်ခြောက်ဆယ်နေ့များ
ခပ်ကျကျထောင့်စားပွဲမှာ လိုချင်သေးတယ်။

ဘာအားမှမရှိဘူး
ဘာကိုမှလည်း အားမထုတ်ခဲ့ဘူး
ဘယ်လောက်တောင် ဘူမိဗေဒဆန်တဲ့ အငွေ့လဲ။

မှန်ကွဲတွေက
ဘဝရဲ့ တိမ်ပြာပြာ။ ။

ဝင်းမြင့်
၂၅ ၆ ၂၀၁၉

Labels:

အခ်စ္ကဗ်ာ

င့ါကုိ ေက်ာက္ခဲနဲ႔ပစ္တ့ဲေန႔က
ငါေရွာင္နုိင္ခ့ဲတယ္
ငါ့ကုိ ယုန္ေမႊးနဲ႔
ေက်ာသပ္ေမြးျမဴတ့ဲေန႔က
ငါေအာ္ဆဲခ့ဲတယ္။

ေနေရာင္အသုိးမ်ားေအာက္မွာ
တိမ္ေတြေမွာက္လဲေနပုံ
မုိးေရတေပါက္ေတာင္ စိတ္လုိလက္ရ မေဝမွ်ခဲ့ဘူး။

သံဆူးႀကိဳးေပၚမွာ
ကုတ္ျခစ္တက္လာတ့ဲ ေကာက္ရုိးႏြယ္ကုိ
သတိရတယ္။

သတိရတယ္ဆုိတာ ဆုပဲ
ဆုဆုိတာ မင္းဆီမွာ ငါအၿမဲ ၿမဲေနတာမ်ိဳး
မသုိးဘူးေပါ့။

ဝင္းျမင့္
၂၄ ၆ ၂၀၁၉


[unicode]

အချစ်ကဗျာ

င့ါကို ကျောက်ခဲနဲ့ပစ်တဲ့နေ့က
ငါရှောင်နိုင်ခဲ့တယ်
ငါ့ကို ယုန်မွှေးနဲ့
ကျောသပ်မွေးမြူတဲ့နေ့က
ငါအော်ဆဲခဲ့တယ်။

နေရောင်အသိုးများအောက်မှာ
တိမ်တွေမှောက်လဲနေပုံ
မိုးရေတပေါက်တောင် စိတ်လိုလက်ရ မဝေမျှခဲ့ဘူး။

သံဆူးကြိုးပေါ်မှာ
ကုတ်ခြစ်တက်လာတဲ့ ကောက်ရိုးနွယ်ကို
သတိရတယ်။

သတိရတယ်ဆိုတာ ဆုပဲ
ဆုဆိုတာ မင်းဆီမှာ ငါအမြဲ မြဲနေတာမျိုး
မသိုးဘူးပေါ့။

ဝင်းမြင့်
၂၄ ၆ ၂၀၁၉

Labels:

14 June, 2019

ျပန္လည္


ဟိုးတုန္းက စီးဖူးတဲ့
၅၅ ဟိုင္းလက္ကား
ဆင္မလိုက္ကေန အလံု ဆင္းမင္းေစ်း ကရင္ျခံ
အသြားငါးမူး အျပန္ငါးမူး
အလံုလမ္းဘူတာက ကိုေက်ာ္ဟိန္းအသုပ္က တစ္က်ပ္
ေ႐ွ႕ဘီးႀကီး ေျမာက္ေျမာက္သြားေအာင္ ငါတို႔တြယ္ၾက
အလယ္ခံုဘယ္ေတာ့မွ မထိုင္ၾက
ဒ႐ိုင္ဘာအသံ စပီကာထဲက ထြက္လာတယ္
ေ႐ွ႕မွာ ရဲ၊ တြယ္ေတြ အထဲဝင္ျကတဲ့
ဘယ္ဆန္႔မလဲ၊ အတြယ္အတာေတြက ကမၻာႀကီးထက္ႀကီးခဲ့တယ္
ကားဘီးႀကီး ေျမာက္သြားျပန္ၿပီ
အခု ဟိုင္းလတ္ကားလိုင္းေတြ မ႐ွိေတာ့ၿပီ
၅၅ လိုင္းေရာ ဘယ္ေရာက္သြားတယ္မသိ
မ႐ွိေတာ့တာလား ေက်ာက္ခ်ေနတာလား
ငါ ဆင္မလိုက္ေစ်းေ႐ွ႕မွာ
ငါ သရက္ေတာ ၄ လမ္းထိပ္မွာ
ေစာင့္ေနတာ ႏွစ္ သံုးဆယ္႐ွိၿပီ
အလံုကရင္ျခံဘက္ ျဖတ္တဲ့အခါ
သတိရမိတာမ်ား ေျပာပါတယ္
ဘုရားေက်ာင္းအမိုးခြၽန္ခြၽန္ႀကီးမ်ား မ႐ွိေတာ့
ေဘာလံုးကြင္းလည္း မ႐ွိေတာ့
ေဒၚခင္ေလးမူ ကဗ်ာထဲက ဘေရတန္ဘုရားေက်ာင္းႀကီးနံရံလည္း
အရင္ေလာက္ေရနံမည္းမည္းေတြ မေတြ႔ရေတာ့
ကရင္ျခံထဲမွာ အေဆာက္အဦးေတြမ်ားလာတယ္
သိတဲ့သူေတြလည္း တစ္ေယာက္မွ မေတြ႔ေတာ့ဘူး
ေၾသာ္ အရင္းႏွီးဆံုးတစိမ္းေတြပါလား ေတြးမိတယ္
ရထားလမ္းတေလ်ာက္ ဟုမ္းလမ္းဘက္ ေလ်ွာက္
တဖန္ အလံုလမ္းဘူတာဘက္ ျပန္ေလ်ွာက္
မီးရထားဝင္းထိပ္မွာ ကရာေတးသင္တန္းဆိုင္းဘုတ္
ဟိုးတုန္းကေတြ႔ေနက်တစ္ခု ခုထိ႐ွိေနတုန္း
ေတြးမိလ်က္ ေပ်ာ္မိ ျပံဳးမိ စံုစမ္းၾကည့္မလို႔ လုပ္ေသး
ေျသာ္ ငါ့ႏွယ္ သိုင္းသင္တန္းလာစံုစမ္းတယ္မ်ား
ထင္ေလမလား ျပံဳးရျပန္တယ္ အသက္ရယ္
အရြယ္ေတြ မငယ္ေတာ့ဘူး
မီးရထားလမ္းဆက္ေၾကာင္းက မူလီေတြ
ဇလီဖားတံုးေတြက သစ္သားေတြ မဟုတ္ေတာ့ဘူး
အုတ္ႂကြပ္မိုးအိမ္မဲႀကီးေတြလည္း မ႐ွိေတာ့ဘူး
ကမၻာစစ္ဟာ နည္းပညာအေနနဲ႔မ်ား ျဖတ္သြားသလား
ကမၻာတည္မယ္ထင္တဲ့ အေတြးထည္ေတြကို
သြပ္အျပာေရာင္ေတြနဲ႔ ပတ္ကာပစ္လိုက္ၿပီ
အသုပ္သည္ ကိုေက်ာ္ဟိန္း ေသၿပီၾကားတယ္
ပထဝီဆရာ ဗိုလ္ထု ေသၿပီေျပာတယ္
ကြင္းေက်ာင္းထိပ္က ရတနာ ပိတ္လိုက္ၿပီ
သမိုင္းသင္တဲ့ တီခ်ယ္ႀကီးေရာ သူ႔ စနၵယားေရာ ေသၿပီ
ေသတာဟာ အမွန္တရားပဲ လို႔
႐ွင္လ်က္ကေန ငါ ေတြးမိေတာ့ ငါ့လိုပဲ
အမွားေတြဟာ ႐ွင္သန္ ေလ်ွာက္သြားေနတာပဲ
ဂ်မခနာဘက္ အလံု ၄ ဘက္ မေနာ္ဟရီဘက္
အလံုဒဂံုထဲမွာလည္း ခေရပင္လမ္း ႐ွိတာပဲ
ျပည္ေတာင္စုရိပ္သာဟာ ခုေတာ့ မုိင္ဂါးဒင္းတဲ့
အေနာက္ဘက္မုဒ္ဝင္းဟာလည္း ယဥ္ေက်းတဲ့ ပန္းဥယ်ာဥ္ ျဖစ္ေနပါၿပီ
မင္းနားလို႔ မရေတာ့ပါဘူး ငွက္ကေလးရာ
မင္း သြားစရာလည္း မ႐ွိပါဘူး
ႏွစ္ေပါင္းမ်ားစြာ မင္းေလ်ွာက္ေနတဲ့လမ္းေပၚမွာ
မင္းဟာ ေတြ႔တဲ့လူတိုင္းကို
လမ္းလိုက္ေမးေနရၿပီျဖစ္တဲ့အျဖစ္
နံရံေပၚ မင္းဟာ အုတ္နီခဲနဲ႔အ႐ုပ္ေရးတုန္းပဲ
စပေရး မင္းမသံုးဘူးေလ
အခ်ိန္ေတြ ကုန္သြားမွာ မင္း စိုးရိမ္ေနတယ္
တိမ္ေတြကို မင္းေရးတဲ့အခါ သတိမလြတ္ေစနဲ႔
ရထားဟာ ဂ်ံဳးဂ်ံဳးဂ်က္ဂ်က္ သတိမလြတ္ေစနဲ႔
ဘုရားေက်ာင္းဘက္က ဓမၼသီသီခ်င္းသံ
ကားဘရိတ္ က်ီြကနဲ႔နင္းသံ
မင္းထံ သူတို႔ျပန္လာၾကေလၿပီ
ပိေတာက္ကိုင္းတစ္ေလ်ွာက္
ရြက္သစ္ေလးပမာ အဆင္မဆန္းေသာ္လည္း
ရင့္ေရာ္မႈဟာ အၫႊန္႔ကေလး ဖူးလို႔
လတန္ခူးဆီ။

မိုးေဝး


[unicode]



ပြန်လည်

ဟိုးတုန်းက စီးဖူးတဲ့
၅၅ ဟိုင်းလက်ကား
ဆင်မလိုက်ကနေ အလုံ ဆင်းမင်းဈေး ကရင်ခြံ
အသွားငါးမူး အပြန်ငါးမူး
အလုံလမ်းဘူတာက ကိုကျော်ဟိန်းအသုပ်က တစ်ကျပ်
ရှေ့ဘီးကြီး မြောက်မြောက်သွားအောင် ငါတို့တွယ်ကြ
အလယ်ခုံဘယ်တော့မှ မထိုင်ကြ
ဒရိုင်ဘာအသံ စပီကာထဲက ထွက်လာတယ်
ရှေ့မှာ ရဲ၊ တွယ်တွေ အထဲဝင်ကြတဲ့
ဘယ်ဆန့်မလဲ၊ အတွယ်အတာတွေက ကမ္ဘာကြီးထက်ကြီးခဲ့တယ်
ကားဘီးကြီး မြောက်သွားပြန်ပြီ
အခု ဟိုင်းလတ်ကားလိုင်းတွေ မရှိတော့ပြီ
၅၅ လိုင်းရော ဘယ်ရောက်သွားတယ်မသိ
မရှိတော့တာလား ကျောက်ချနေတာလား
ငါ ဆင်မလိုက်ဈေးရှေ့မှာ
ငါ သရက်တော ၄ လမ်းထိပ်မှာ
စောင့်နေတာ နှစ် သုံးဆယ်ရှိပြီ
အလုံကရင်ခြံဘက် ဖြတ်တဲ့အခါ
သတိရမိတာများ ပြောပါတယ်
ဘုရားကျောင်းအမိုးချွန်ချွန်ကြီးများ မရှိတော့
ဘောလုံးကွင်းလည်း မရှိတော့
ဒေါ်ခင်လေးမူ ကဗျာထဲက ဘရေတန်ဘုရားကျောင်းကြီးနံရံလည်း
အရင်လောက်ရေနံမည်းမည်းတွေ မတွေ့ရတော့
ကရင်ခြံထဲမှာ အဆောက်အဦးတွေများလာတယ်
သိတဲ့သူတွေလည်း တစ်ယောက်မှ မတွေ့တော့ဘူး
သြော် အရင်းနှီးဆုံးတစိမ်းတွေပါလား တွေးမိတယ်
ရထားလမ်းတလျောက် ဟုမ်းလမ်းဘက် လျှောက်
တဖန် အလုံလမ်းဘူတာဘက် ပြန်လျှောက်
မီးရထားဝင်းထိပ်မှာ ကရာတေးသင်တန်းဆိုင်းဘုတ်
ဟိုးတုန်းကတွေ့နေကျတစ်ခု ခုထိရှိနေတုန်း
တွေးမိလျက် ပျော်မိ ပြုံးမိ စုံစမ်းကြည့်မလို့ လုပ်သေး
သြော် ငါ့နှယ် သိုင်းသင်တန်းလာစုံစမ်းတယ်များ
ထင်လေမလား ပြုံးရပြန်တယ် အသက်ရယ်
အရွယ်တွေ မငယ်တော့ဘူး
မီးရထားလမ်းဆက်ကြောင်းက မူလီတွေ
ဇလီဖားတုံးတွေက သစ်သားတွေ မဟုတ်တော့ဘူး
အုတ်ကြွပ်မိုးအိမ်မဲကြီးတွေလည်း မရှိတော့ဘူး
ကမ္ဘာစစ်ဟာ နည်းပညာအနေနဲ့များ ဖြတ်သွားသလား
ကမ္ဘာတည်မယ်ထင်တဲ့ အတွေးထည်တွေကို
သွပ်အပြာရောင်တွေနဲ့ ပတ်ကာပစ်လိုက်ပြီ
အသုပ်သည် ကိုကျော်ဟိန်း သေပြီကြားတယ်
ပထဝီဆရာ ဗိုလ်ထု သေပြီပြောတယ်
ကွင်းကျောင်းထိပ်က ရတနာ ပိတ်လိုက်ပြီ
သမိုင်းသင်တဲ့ တီချယ်ကြီးရော သူ့ စန္ဒယားရော သေပြီ
သေတာဟာ အမှန်တရားပဲ လို့
ရှင်လျက်ကနေ ငါ တွေးမိတော့ ငါ့လိုပဲ
အမှားတွေဟာ ရှင်သန် လျှောက်သွားနေတာပဲ
ဂျမခနာဘက် အလုံ ၄ ဘက် မနော်ဟရီဘက်
အလုံဒဂုံထဲမှာလည်း ခရေပင်လမ်း ရှိတာပဲ
ပြည်တောင်စုရိပ်သာဟာ ခုတော့ မိုင်ဂါးဒင်းတဲ့
အနောက်ဘက်မုဒ်ဝင်းဟာလည်း ယဉ်ကျေးတဲ့ ပန်းဥယျာဉ် ဖြစ်နေပါပြီ
မင်းနားလို့ မရတော့ပါဘူး ငှက်ကလေးရာ
မင်း သွားစရာလည်း မရှိပါဘူး
နှစ်ပေါင်းများစွာ မင်းလျှောက်နေတဲ့လမ်းပေါ်မှာ
မင်းဟာ တွေ့တဲ့လူတိုင်းကို
လမ်းလိုက်မေးနေရပြီဖြစ်တဲ့အဖြစ်
နံရံပေါ် မင်းဟာ အုတ်နီခဲနဲ့အရုပ်ရေးတုန်းပဲ
စပရေး မင်းမသုံးဘူးလေ
အချိန်တွေ ကုန်သွားမှာ မင်း စိုးရိမ်နေတယ်
တိမ်တွေကို မင်းရေးတဲ့အခါ သတိမလွတ်စေနဲ့
ရထားဟာ ဂျုံးဂျုံးဂျက်ဂျက် သတိမလွတ်စေနဲ့
ဘုရားကျောင်းဘက်က ဓမ္မသီသီချင်းသံ
ကားဘရိတ် ကျွီကနဲ့နင်းသံ
မင်းထံ သူတို့ပြန်လာကြလေပြီ
ပိတောက်ကိုင်းတစ်လျှောက်
ရွက်သစ်လေးပမာ အဆင်မဆန်းသော်လည်း
ရင့်ရော်မှုဟာ အညွှန့်ကလေး ဖူးလို့
လတန်ခူးဆီ။

မိုးဝေး

Labels:

ထို႔ေၾကာင့္မ်ား


မိုးက ခပ္အံု႔အံု႔ပဲ
ေသြ႕ေျခာက္ေနတဲ့ စိတ္ေတြမွာ
ခႏၶာရွိေၾကာင္း ရိပ္မိေလာက္ခါနီးမွ
ရထားက ထြက္သြားတယ္

ဘယ္အရပ္မ်က္ႏွာဆီ ေငး
ဘယ္အေတြးအေခၚကို လႊမ္းရံု
ဘယ္ကမ႓ာမွာ မီွတင္းရမလဲ ဆိုတာလည္း
ျပန္ေျပာျပဖို႔ ခက္တဲ့ စၾကဝဠာပဲ

ျပတင္းေပါက္တစ္ခုဟာ
ဟိုးခပ္လွမ္းလွမ္းက
ေနာက္ထပ္ျပတင္းေပါက္တစ္ခုထဲကို
ဝင္ေရာက္ေပ်ာက္ကြယ္သြားတယ္

ေန႔ရက္မ်ားလည္း ကုန္စျပဳပါၿပီ
မဆံုခဲ့ရမႈမ်ားလည္း ျပန္ခဲ့ၾကပါၿပီ
ေနဟာ မဝင္ေသးေသာ္လည္း
ဒီအရပ္မွာ မရွိေတာ့ပါ

မိုးေဝး
၃၀-၅-၂၀၁၉


ထို့ကြောင့်များ

မိုးက ခပ်အုံ့အုံ့ပဲ
သွေ့ခြောက်နေတဲ့ စိတ်တွေမှာ
ခန္ဓာရှိကြောင်း ရိပ်မိလောက်ခါနီးမှ
ရထားက ထွက်သွားတယ်

ဘယ်အရပ်မျက်နှာဆီ ငေး
ဘယ်အတွေးအခေါ်ကို လွှမ်းရုံ
ဘယ်ကမ္ဘာမှာ မှီတင်းရမလဲ ဆိုတာလည်း
ပြန်ပြောပြဖို့ ခက်တဲ့ စကြဝဠာပဲ

ပြတင်းပေါက်တစ်ခုဟာ
ဟိုးခပ်လှမ်းလှမ်းက
နောက်ထပ်ပြတင်းပေါက်တစ်ခုထဲကို
ဝင်ရောက်ပျောက်ကွယ်သွားတယ်

နေ့ရက်များလည်း ကုန်စပြုပါပြီ
မဆုံခဲ့ရမှုများလည်း ပြန်ခဲ့ကြပါပြီ
နေဟာ မဝင်သေးသော်လည်း
ဒီအရပ်မှာ မရှိတော့ပါ

မိုးဝေး
၃၀-၅-၂၀၁၉

[unicode]

Labels:

ကီလီ

ဖာသည္မေလးတေယာက္ရဲ႕ မျမင္အပ္ရာ
တခါၾကည့္ တမတ္... တဲ့
ကီလီၾကက္ဒိုင္ရဲ႕ အေမွာင္ထဲ
(ရွဲတမတ္) တဲ့ ၾကည့္ခ်င္ပြဲ

လၻက္ရည္တခြက္တမတ္ေခတ္ထဲ
ငါတို႔ လၻက္ရည္ငတ္ခဲ့တဲ့ ည
နတ္သမီးတံဆိပ္ မီးျခစ္ဆံတေခ်ာင္းရဲ႕မီးလွ်ံမွာ
အေတာင္သာလွ်င္ ဝန္ရွိေသာ
ပိုးဖလံတေကာင္ကဲ့သို႔
ငါတို႔ ေလာင္ကြၽမ္းခဲ့ၾကတဲ့ညတည။

ကိုသန္းထြန္း

[unicode]

ကီလီ

ဖာသည်မလေးတယောက်ရဲ့ မမြင်အပ်ရာ
တခါကြည့် တမတ်... တဲ့
ကီလီကြက်ဒိုင်ရဲ့ အမှောင်ထဲ
(ရှဲတမတ်) တဲ့ ကြည့်ချင်ပွဲ

လ္ဘက်ရည်တခွက်တမတ်ခေတ်ထဲ
ငါတို့ လ္ဘက်ရည်ငတ်ခဲ့တဲ့ ည
နတ်သမီးတံဆိပ် မီးခြစ်ဆံတချောင်းရဲ့မီးလျှံမှာ
အတောင်သာလျှင် ဝန်ရှိသော
ပိုးဖလံတကောင်ကဲ့သို့
ငါတို့ လောင်ကျွမ်းခဲ့ကြတဲ့ညတည။

ကိုသန်းထွန်း

Labels:

သူငယ္ခ်င္း




အလုပ္အတူတြဲလုပ္ဖုိ႔
တေယာက္ကိုတေယာက္ ခ်စ္ေနစရာ မလိုဘူး (လီကြမ္ယု)
ဒါေပမယ့္ တေယာက္ကိုတေယာက္ယံုၾကည္ေနဖို႔ေတာ့လိုတယ္ (ငါ)

တအိပ္ယာထဲ 
ငါတို႔ အိပ္မက္ဆင္တူမက္ခဲ့ဖူးလို႔လား
အိပ္မက္ေတြ ႐ိုက္ထည့္လို႔ရခဲ့ရင္ေတာင္
ဖြဲ႕သားေတြ အဆင္ကြဲေနအံုးမွာေသခ်ာ

အခ်စ္ကို ေဖာ္ျပဖို႔
တေယာက္ကိုတေယာက္ေပြ႔ဖက္ေနစရာမလိုဘူးေလ
တေယာက္တည္႐ွိမႈကိုတေယာက္က အသိအမွတ္ျပဳဖို႔ပဲလိုတာမဟုတ္လား

ေမတၱာတရားဆိုတာကို 
ဘယ္ပုထုဇဥ္ဆီကမွ ငါ မေမွ်ာ္လင့္ဘူး
သစၥာတရားကိုေတာ့ 
ေခြးတေကာင္ဆီကေတာင္ မင္းရခဲ့ဖူးမွာ ယံုတယ္

သားစိမ္းငါးစိမ္း စားသူခ်င္း
တေယာက္ညီွနံ႔တေယာက္ မခံႏိုင္ၾကရင္္လည္း
မသကာ ေက်ာေပးအိပ္ၾကရံုပဲ သူငယ္ခ်င္း
ငါတို႔ႏွစ္ေယာက္လံုး ဇာတ္တူသားေတာ့ မစားၾကဘူးေလ

ေအာင္ပြဲေတြဟာ ခ်ိဳၿမိန္ပါတယ္
သစၥာတရားကသာ ေဆးဖက္ဝင္တာ
မင္းေရာ ငါေရာ သိၿပီးသားမဟုတ္လား။

ကုိသန္းထြန္း

[unicode]


သူငယ်ချင်း

အလုပ်အတူတွဲလုပ်ဖို့
တယောက်ကိုတယောက် ချစ်နေစရာ မလိုဘူး (လီကွမ်ယု)
ဒါပေမယ့် တယောက်ကိုတယောက်ယုံကြည်နေဖို့တော့လိုတယ် (ငါ)

တအိပ်ယာထဲ 
ငါတို့ အိပ်မက်ဆင်တူမက်ခဲ့ဖူးလို့လား
အိပ်မက်တွေ ရိုက်ထည့်လို့ရခဲ့ရင်တောင်
ဖွဲ့သားတွေ အဆင်ကွဲနေအုံးမှာသေချာ

အချစ်ကို ဖော်ပြဖို့
တယောက်ကိုတယောက်ပွေ့ဖက်နေစရာမလိုဘူးလေ
တယောက်တည်ရှိမှုကိုတယောက်က အသိအမှတ်ပြုဖို့ပဲလိုတာမဟုတ်လား

မေတ္တာတရားဆိုတာကို 
ဘယ်ပုထုဇဉ်ဆီကမှ ငါ မမျှော်လင့်ဘူး
သစ္စာတရားကိုတော့ 
ခွေးတကောင်ဆီကတောင် မင်းရခဲ့ဖူးမှာ ယုံတယ်

သားစိမ်းငါးစိမ်း စားသူချင်း
တယောက်ညှီနံ့တယောက် မခံနိုင်ကြရင်လည်း
မသကာ ကျောပေးအိပ်ကြရုံပဲ သူငယ်ချင်း
ငါတို့နှစ်ယောက်လုံး ဇာတ်တူသားတော့ မစားကြဘူးလေ

အောင်ပွဲတွေဟာ ချိုမြိန်ပါတယ်
သစ္စာတရားကသာ ဆေးဖက်ဝင်တာ
မင်းရော ငါရော သိပြီးသားမဟုတ်လား။

ကိုသန်းထွန်း

Labels:

စတီဖင္ေဟာ့ကင္း (၂)



သူက ေျပာတယ္
ေနာက္အႏွစ္တေထာင္ဆို
ငါတို႔နဲ႔ကမာၻ
စာခ်ဳပ္ေစ့ၿပီတဲ့

ဥကၠာခဲႀကီးတခုခုက ဝင္မေဆာင့္လည္း
ကမာၻႀကီးကပ်က္မွာပဲ တဲ့

ၿဂိဳလ္သားေတြကလာမတိုက္လည္း
ကမာၻႀကီးကပ်က္မွာပဲ တဲ့

ဥာဏ္ရည္တုစက္႐ုပ္တုေတြက ပုန္ကန္လို႔လည္း
ကမာၻႀကီးကပ်က္သြားႏိုင္တာပဲ တဲ့

နည္းပညာအသစ္ေတြ
ဗိုင္းရပ္စ့္အသစ္ေတြ
ဘဝေနဟန္အသစ္ေတြ
စစ္ပြဲအသစ္ေတြ
အသစ္ေတြ
အသစ္ေတြနဲ႔ကမာၻႀကီး...

သူက ဆက္ေျပာတယ္
လုပ္ - အဲဒီအေဟာင္းေတြ ထုပ္ပိုးၿပီး
ၿဂိဳလ္သစ္တစင္းဆီ အျမန္ေရြ႕ေျပာင္းၾကေပေရာ့ တဲ့...

ကုိသန္းထြန္း

[unicode]


စတီဖင်ဟော့ကင်း (၂)

သူက ပြောတယ်
နောက်အနှစ်တထောင်ဆို
ငါတို့နဲ့ကမ္ဘာ
စာချုပ်စေ့ပြီတဲ့

ဥက္ကာခဲကြီးတခုခုက ဝင်မဆောင့်လည်း
ကမ္ဘာကြီးကပျက်မှာပဲ တဲ့

ဂြိုလ်သားတွေကလာမတိုက်လည်း
ကမ္ဘာကြီးကပျက်မှာပဲ တဲ့

ဉာဏ်ရည်တုစက်ရုပ်တုတွေက ပုန်ကန်လို့လည်း
ကမ္ဘာကြီးကပျက်သွားနိုင်တာပဲ တဲ့

နည်းပညာအသစ်တွေ
ဗိုင်းရပ်စ့်အသစ်တွေ
ဘဝနေဟန်အသစ်တွေ
စစ်ပွဲအသစ်တွေ
အသစ်တွေ
အသစ်တွေနဲ့ကမ္ဘာကြီး...

သူက ဆက်ပြောတယ်
လုပ် - အဲဒီအဟောင်းတွေ ထုပ်ပိုးပြီး
ဂြိုလ်သစ်တစင်းဆီ အမြန်ရွေ့ပြောင်းကြပေရော့ တဲ့...

ကိုသန်းထွန်း


Labels:

စတီဖင္ေဟာ့ကင္း (၁)



မဟာေပါက္ကြဲမႈႀကီး (Big Bang) ကို ခင္ဗ်ားေဖာက္ခြဲခဲ့တာလား
ဘုရားသခင္...

"အခ်ိန္" ဆိုတာမ႐ွိေသးတဲ့ အမိုက္တိုက္ထဲ
ခင္ဗ်ား ဘယ္က ဘယ္လိုေရာက္႐ွိ
ေနထိုင္ခဲ့ပါသလဲ...

မ႐ွိေသးတဲ့အခ်ိန္
မ႐ွိေသးတဲ့ေနရာမွာ
႐ွိမေနႏိုင္တဲ့ ခင္ဗ်ားက
မရွိေသးတဲ့ စၾကၤာဝဠာႀကီးကိုဖန္ဆင္းခဲ့တယ္ လို႔
ဆိုခ်င္တာလား...

က်ဳပ္ရဲ႕ ႐ူပေဗဒ တရားခြင္မွာ
ခင္ဗ်ားရဲ႕ေနရာဟာ တရားခံဝက္ၿခံပဲ

ဘုရားသခင္ကိုတရစပ္ စြပ္စြဲျပစ္တင္
ဘုရားသခင္ ေမ့ေလ်ာ့ေပါ့ဆခဲ့သမွ်
သူ ဂီလာနကုလားထိုင္ေလးေပၚကေန
သူဖန္ဆင္း
သူေျဖ႐ွင္း
သူ႔ မ်ိဳးႏြယ္တူလူသားေတြရဲ႕ မိုက္မဲေတြေဝမႈကို
စိတ္မခ်ႏိုင္ ျဖစ္ရင္း...
သူ႔ သုညဟင္းလင္းျပင္ထဲ တိုးဝင္ထြက္ခြာသြားသူ ။

ကိုသန္းထြႏ္း

[unicode]

Labels:

ေဇာ



လာခဲ့ရာ လမ္းတေလွ်ာက္လံုး
ဒီေမးခြန္းပဲ ေထာင္းေထာင္းထလို႔

"ေပ်ာက္ဆံုးေနသူ" လူတေယာက္ရဲ႕ဓာတ္ပံုဟာ တုန္လို႔
လူေပ်ာက္႐ွာသူရဲ႕အသံဟာတုန္လို႔

တေနဝင္တေနထြက္
ကိုယ့္မ်က္ခြက္အတိအက်ႀကီးနဲ႔ကိုယ့္ဓာတ္ပံု
ကိုယ္ကိုင္လို႔

တလမ္းဝင္တလမ္းထြက္
ေမးဖန္မ်ားလို႔
ေမးခြန္းသက္မ႐ွိေတာ့တဲ့ ဒီေမးခြန္းကိုပဲ
အထပ္ထပ္ေမးလို႔

"တဆိတ္ေလာက္ - သူ႔ကို ေတြ႔မိလား"။

ကုိသန္းထြန္း

[unicode]

ဇော

လာခဲ့ရာ လမ်းတလျှောက်လုံး
ဒီမေးခွန်းပဲ ထောင်းထောင်းထလို့

"ပျောက်ဆုံးနေသူ" လူတယောက်ရဲ့ဓာတ်ပုံဟာ တုန်လို့
လူပျောက်ရှာသူရဲ့အသံဟာတုန်လို့

တနေဝင်တနေထွက်
ကိုယ့်မျက်ခွက်အတိအကျကြီးနဲ့ကိုယ့်ဓာတ်ပုံ
ကိုယ်ကိုင်လို့

တလမ်းဝင်တလမ်းထွက်
မေးဖန်များလို့
မေးခွန်းသက်မရှိတော့တဲ့ ဒီမေးခွန်းကိုပဲ
အထပ်ထပ်မေးလို့

"တဆိတ်လောက် - သူ့ကို တွေ့မိလား"။

ကိုသန်းထွန်း

Labels:

ခ်စ္သူမ်ား


တကယ္ဆို
တေယာက္ကိုတေယာက္က မုန္းေနမွ ျပႆနာမဟုတ္လား
ငါတို႔က ခ်စ္ေနၾကတာေလ

တကယ္ဆို
ပန္ဒါဝက္ဝံ႐ုပ္ကေလးကို
တယ္ရီယာေခြးပုေလးတေကာင္ကို
ခ်စ္ေနႏိုင္ၾကတာပဲမဟုတ္လား

တကယ္ဆို
ကိုယ္မသိမျမင္ဖူးတဲ့ ဘုရားသခင္ကို ခ်စ္ေနႏိုင္ၾကတာပဲ
ဘုရားသခင္ဖန္ဆင္းထားတဲ့ ငါတို႔က်
ဘာလို႔ မုန္းေနၾကတာလဲ

တကယ္ဆို
ပါးပ်ဥ္းထေႁမြေဟာက္တေကာင္ကို နမ္းသူကနမ္းျပ
ငါတို႔အခ်င္းခ်င္းနမ္းတာ ဘာလို႔ရႈံ႕ခ်ခ်င္ၾကတာလဲ

ကိုယ့္ Identity ကို အသက္ေသြးေၾကာတခုလို ခံစားၾကၿပီး
ငါတို႔ႏွလုံးခုန္သံကိုမွ ဘာလို႔နားမေထာင္ႏိုင္ျဖစ္ေနရတာလဲ

ငါတို႔က ေယာက်္ားအခ်င္းခ်င္းမို႔လား
ငါတို႔က မိန္းမအခ်င္းခ်င္းမို႔လား
ငါတို႔က ငါတို႔ႏွလုံးသားကို ယုံၾကည္ခြင့္မရွိဘူးလား
ငါတို႔က ငါတို႔ကိုယ္ခႏၶာအစိတ္အပိုင္းေတြကို မပိုင္ဆိုင္ရဘူးလား

တကယ္ဆို
ငါတို႔အားလုံးဟာ " X - ခ႐ိုမိုဆုန္းနဲ႔" အတူတူလူစျဖစ္ခဲ့ၾကတာပဲမဟုတ္လား

ကိုသန္းထြန္း
LGBT မ်ားသို႔

[unicode]


ချစ်သူများ

တကယ်ဆို
တယောက်ကိုတယောက်က မုန်းနေမှ ပြဿနာမဟုတ်လား
ငါတို့က ချစ်နေကြတာလေ

တကယ်ဆို
ပန်ဒါဝက်ဝံရုပ်ကလေးကို
တယ်ရီယာခွေးပုလေးတကောင်ကို
ချစ်နေနိုင်ကြတာပဲမဟုတ်လား

တကယ်ဆို
ကိုယ်မသိမမြင်ဖူးတဲ့ ဘုရားသခင်ကို ချစ်နေနိုင်ကြတာပဲ
ဘုရားသခင်ဖန်ဆင်းထားတဲ့ ငါတို့ကျ
ဘာလို့ မုန်းနေကြတာလဲ

တကယ်ဆို
ပါးပျဉ်းထမြွေဟောက်တကောင်ကို နမ်းသူကနမ်းပြ
ငါတို့အချင်းချင်းနမ်းတာ ဘာလို့ရှုံ့ချချင်ကြတာလဲ

ကိုယ့် Identity ကို အသက်သွေးကြောတခုလို ခံစားကြပြီး
ငါတို့နှလုံးခုန်သံကိုမှ ဘာလို့နားမထောင်နိုင်ဖြစ်နေရတာလဲ

ငါတို့က ယောကျ်ားအချင်းချင်းမို့လား
ငါတို့က မိန်းမအချင်းချင်းမို့လား
ငါတို့က ငါတို့နှလုံးသားကို ယုံကြည်ခွင့်မရှိဘူးလား
ငါတို့က ငါတို့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို မပိုင်ဆိုင်ရဘူးလား

တကယ်ဆို
ငါတို့အားလုံးဟာ " X - ခရိုမိုဆုန်းနဲ့" အတူတူလူစဖြစ်ခဲ့ကြတာပဲမဟုတ်လား

ကိုသန်းထွန်း
LGBT များသို့

Labels:

ေႏြေန႔လယ္တခင္း ေဂါ့ဇစ္ (၂)


သမီးတို႔ေခတ္မွာ အစိုးရဆိုတာရွိေနဦးမွာလား ဘဘ
အစိုးရဆိုတာ ရွိေနရအုံးမွာပဲ
ဒါေပမယ့္ သူနဲ႔ျပည္သူၾကား
လူတန္းစားအသစ္တရပ္ ဝင္ခုေနရေလာက္ေအာင္ေတာ့
လစ္လပ္ေနမွာ မဟုတ္ေတာ့ပါဘူး

စစ္ဆိုတာေရာ ရွိေနဦးမွာပဲလား
ဒါေပမယ့္ စစ္အစိုးရဆိုတာေတာ့ မရွိႏိုင္ေတာ့ပါဘူး

ေထာင္ဆိုတာေရာ ဘဘ
ေထာင္ထဲမွာ ေတာ႐ိုင္းဥပေဒေတြ ရွိေနေတာ့မွာမဟုတ္ပါဘူး
(အဲသလို ေမွ်ာ္လင့္ရင္း ဘဘ ေနသြား ေသသြားခ်င္ပါတယ္)

ခုလိုပဲ လူတန္းစားကြာဟမႈေတြဆက္ရွိေနမွာလား ဘဘ
အား ! ဒါထက္ပိုႀကီးက်ယ္သြားတဲ့ လူတန္းစားကြာဟမႈအႀကီးႀကီးေပါ့
ဒါေပမယ့္ Smart ေခတ္ႀကီးထဲ
လူေတြဟာ Smart လူသားလို႔
ကိုယ့္ကိုယ္ကိုယ္လွည့္စားၿပီး ေနထိုင္သြားၾကလိမ့္မယ္

လစ္ဘရယ္ဒီမိုကေရစီရဲ႕နိဂုံးဟာ ဘယ္ေတာ့လဲ...
အရင္းရွစ္စနစ္လို႔ပဲ ေျပာပါ ငါ့ေျမး
သူက ရာဇဝင္လူဆိုးတေယာက္လို
ေရာက္ရာ အပိုင္ရဲစခန္းမွာ
ေတြ႕ရာနာမည္တမ်ိဳးစီနဲ႔ရွိေနလိမ့္မယ္

အဲဒီအခ်ိန္မွာ...
အခ်စ္ဆိုတာ ဘယ္လိုအဆင္မ်ိဳးနဲ႔ရွိေနမွာလဲ ဘဘ
ကိုယ့္အတြက္ အဆင္ေျပဆုံးဝန္ေဆာင္မႈေတြေပးမယ့္
ဉာဏ္ရည္တုစက္႐ုပ္အေဖာ္ေတြနဲ႔ေပါ့
ဒါေပမယ့္ အေကာင္းဆုံးနည္းပညာေတြၾကား
အိမ္ေထာင္ေရးျပႆနာေတြ မရွိေတာ့ဘူးလို႔ေတာ့
ငါ့ေျမးမထင္ဘူးမဟုတ္လား။

ကုိသန္းထြန္း


[unicode]

နွေနေ့လယ်တခင်း ဂေါ့ဇစ် (၂)
______________________

သမီးတို့ခေတ်မှာ အစိုးရဆိုတာရှိနေဦးမှာလား ဘဘ
အစိုးရဆိုတာ ရှိနေရအုံးမှာပဲ
ဒါပေမယ့် သူနဲ့ပြည်သူကြား
လူတန်းစားအသစ်တရပ် ဝင်ခုနေရလောက်အောင်တော့
လစ်လပ်နေမှာ မဟုတ်တော့ပါဘူး

စစ်ဆိုတာရော ရှိနေဦးမှာပဲလား
ဒါပေမယ့် စစ်အစိုးရဆိုတာတော့ မရှိနိုင်တော့ပါဘူး

ထောင်ဆိုတာရော ဘဘ
ထောင်ထဲမှာ တောရိုင်းဥပဒေတွေ ရှိနေတော့မှာမဟုတ်ပါဘူး
(အဲသလို မျှော်လင့်ရင်း ဘဘ နေသွား သေသွားချင်ပါတယ်)

ခုလိုပဲ လူတန်းစားကွာဟမှုတွေဆက်ရှိနေမှာလား ဘဘ
အား ! ဒါထက်ပိုကြီးကျယ်သွားတဲ့ လူတန်းစားကွာဟမှုအကြီးကြီးပေါ့
ဒါပေမယ့် Smart ခေတ်ကြီးထဲ
လူတွေဟာ Smart လူသားလို့
ကိုယ့်ကိုယ်ကိုယ်လှည့်စားပြီး နေထိုင်သွားကြလိမ့်မယ်

လစ်ဘရယ်ဒီမိုကရေစီရဲ့နိဂုံးဟာ ဘယ်တော့လဲ...
အရင်းရှစ်စနစ်လို့ပဲ ပြောပါ ငါ့မြေး
သူက ရာဇဝင်လူဆိုးတယောက်လို
ရောက်ရာ အပိုင်ရဲစခန်းမှာ
တွေ့ရာနာမည်တမျိုးစီနဲ့ရှိနေလိမ့်မယ်

အဲဒီအချိန်မှာ...
အချစ်ဆိုတာ ဘယ်လိုအဆင်မျိုးနဲ့ရှိနေမှာလဲ ဘဘ
ကိုယ့်အတွက် အဆင်ပြေဆုံးဝန်ဆောင်မှုတွေပေးမယ့်
ဉာဏ်ရည်တုစက်ရုပ်အဖော်တွေနဲ့ပေါ့
ဒါပေမယ့် အကောင်းဆုံးနည်းပညာတွေကြား
အိမ်ထောင်ရေးပြဿနာတွေ မရှိတော့ဘူးလို့တော့
ငါ့မြေးမထင်ဘူးမဟုတ်လား။

ကိုသန်းထွန်း

Labels:

ေတာ္လွန္ေရး


ၿဖိဳခ်ဖ်က္ဆီးျခင္းဟာလည္း
တည္ေဆာက္ျခင္းတမ်ိဳးပါပဲ တဲ့ (ဘာကူနင္)

ေက်ာက္ေဆာင္တခုမွာ
ကိုယ့္ႏႈတ္သီးကိုယ္႐ိုက္ခ်ိဳးခဲ့တာ
ႏႈတ္သီးသစ္တခုေပါက္လာရမွာမို႔ပါ

ငါက လင္းယုန္ငွက္တေကာင္ပါ ။

ကုိသန္းထြန္း


[unicode]

တော်လှန်ရေး

ဖြိုချဖျက်ဆီးခြင်းဟာလည်း
တည်ဆောက်ခြင်းတမျိုးပါပဲ တဲ့ (ဘာကူနင်)

ကျောက်ဆောင်တခုမှာ
ကိုယ့်နှုတ်သီးကိုယ်ရိုက်ချိုးခဲ့တာ
နှုတ်သီးသစ်တခုပေါက်လာရမှာမို့ပါ

ငါက လင်းယုန်ငှက်တကောင်ပါ ။

ကိုသန်းထွန်း

Labels:

ရပ္ေနသူတေယာက္

"ဒီစာယူလာသူကို သတ္လိုက္ပါ" တဲ့
ဖြင့္မဖတ္မိသူေတြသာ လက္က်န္ခရီးကိုဆက္သြားၾကတယ္။

ကုိသန္းထြန္း


[ unicode ]

ရပ်နေသူတယောက်

"ဒီစာယူလာသူကို သတ်လိုက်ပါ" တဲ့
ဖွင့်မဖတ်မိသူတွေသာ လက်ကျန်ခရီးကိုဆက်သွားကြတယ်။

ကိုသန်းထွန်း

Labels:

သံပန္း

ဆူးေတာဝင္ လူရမ္းကားရဲ႕မီးေရာင္ေအာက္မွာ
ငါကလည္း ဘရိတ္ေပါက္ေနတ့ဲ ရွႈးပ်ံပါ ။

အဲဒါနဲ႕ ေန႔တေန႔ကုိ
အံသြားေပၚကဆဲြထုတ္ (နာလုိက္တာ အေမ)
ပုတ္ခတ္လုိ႔ရပါတယ္ ။

ဂုဏ္ပုဒ္ဆုိတာက အမည္မသိခင္ လူႀကီးမင္းဆုိတာခ်ည္းပဲ
 (လြယ္လြယ္ေပးျပီး လြယ္လြယ္ျပန္ယူသြားႀကတာေတြေလ)
ဝမ္းမီးက ေတာက္ေပါ့ ။

ငါတုိ႔ရဲ႕စိတ္ေနစိတ္ထားလည္း
အခုမွစက္မႈေတာ္လွန္ေရးကစတုန္း ။

ေက်ာက္ခဲနဲ႕သစ္ပင္ခုတ္ခ်ထားတ့ဲလမ္းမွာ
အိမ္ေရာက္ေအာင္ျပန္ေနခ့ဲပုံမ်ား ။ ။

ဝင္းျမင့္
၁၃ ၆ ၂၀၁၉

[unicode]

သံပန်း

ဆူးတောဝင် လူရမ်းကားရဲ့မီးရောင်အောက်မှာ
ငါကလည်း ဘရိတ်ပေါက်နေတဲ့ ရှှုးပျံပါ ။

အဲဒါနဲ့ နေ့တနေ့ကို
အံသွားပေါ်ကဆွဲထုတ် (နာလိုက်တာ အမေ)
ပုတ်ခတ်လို့ရပါတယ် ။

ဂုဏ်ပုဒ်ဆိုတာက အမည်မသိခင် လူကြီးမင်းဆိုတာချည်းပဲ
 (လွယ်လွယ်ပေးပြီး လွယ်လွယ်ပြန်ယူသွားကြတာတွေလေ)
ဝမ်းမီးက တောက်ပေါ့ ။

ငါတို့ရဲ့စိတ်နေစိတ်ထားလည်း
အခုမှစက်မှုတော်လှန်ရေးကစတုန်း ။

ကျောက်ခဲနဲ့သစ်ပင်ခုတ်ချထားတဲ့လမ်းမှာ
အိမ်ရောက်အောင်ပြန်နေခဲ့ပုံများ ။ ။

ဝင်းမြင့်
၁၃ ၆ ၂၀၁၉

Labels:

ပင့္ကူအိမ္ရဲ႕ ေမွ်ာ္လင့္ခ်က္



ေရာင္းဝယ္ေရးကိစၥေတြ ၿပီးတဲ့ေနာက္
က်ေနာ့္ပင့္ကူအိမ္ေလးရဲ႕ဗဟိုခ်က္မွာ ျပန္ႏွက္ေနလိုက္ၿမဲ။

နာရီေတြက
က်ေနာ့္ရဲ႕မလြတ္လပ္မႈကို အကြက္ေ႐ႊ႕ေပးတယ္ ။

ဇြန္ပန္း႐ုံကို
ျခင္ေဆးျဖန္းေနၾကတယ္ ။

မနက္က ျခင္တစ္ေကာင္
လူေတြ ဂုတ္ေသြးစုပ္တဲ့ေတာင္ပံနဲ႔ အသံေညာင္ေညာင္နဲ႔။

ဆာေလာင္မႈေၾကာင့္လည္းမဟုတ္
အလုပ္ဟူသမွ် ဂုဏ္ရွိစြ ဆိုသည္မဟုတ္ပါလား ။ ။

ဝင္းျမင့္
၁၄ ၆ ၂၀၁၈
ကမာၻ႔ဖလား


[ unicode ]


ပင့်ကူအိမ်ရဲ့မျှော်လင့်ချက်

ရောင်းဝယ်ရေးကိစ္စတွေ ပြီးတဲ့နောက်
ကျနော့်ပင့်ကူအိမ်လေးရဲ့ဗဟိုချက်မှာ ပြန်နှက်နေလိုက်မြဲ။

နာရီတွေက
ကျနော့်ရဲ့မလွတ်လပ်မှုကို အကွက်ရွှေ့ပေးတယ် ။

ဇွန်ပန်းရုံကို
ခြင်ဆေးဖြန်းနေကြတယ် ။

မနက်က ခြင်တစ်ကောင်
လူတွေ ဂုတ်သွေးစုပ်တဲ့တောင်ပံနဲ့ အသံညောင်ညောင်နဲ့။

ဆာလောင်မှုကြောင့်လည်းမဟုတ်
အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုသည်မဟုတ်ပါလား ။ ။

ဝင်းမြင့်
၁၄ ၆ ၂၀၁၈
ကမ္ဘာ့ဖလား

Labels:

ပဲျပဳတ္နံျပား( လမ္းေပၚက ေအာ္လိုက္သံ)

မနက္လင္းၿပီ
ေစာေစာက ေရးၿပီး
ျပန္ဖ်က္လိုက္တဲ့ဒီစာသားဟာ
ဝရန္တာကေန ေၾကးစည္သံနဲ႔အတူ
လင္းဝင္လာျပန္တယ္

ျမင္ေနက်ခိုေတြ
ျမင္ေနက် ေခါင္မိုးေတြနဲ႔
ျမင္ေနက် ငါ့ကိုယ္ငါလည္း
ျမင္ေနက်လို႔ ေျပာရမလား

မ်က္ႏွာခ်င္းဆိုင္ေခါင္မိုးစြန္းမွာ
က်ီးကန္းေတြက တအာအာနဲ႔
ကာ(ဖ)ကာကို သိသလား
ကာ(ဖ)ကာကို သိသလားတဲ့

ကားတစ္စီးရဲ႕ အင္ဂ်င္စက္ႏိုးသံ
ေရသန္႔ယူၾကဦးမလား ေအာ္သံ
လူတစ္ေယာက္ လမ္းေလွ်ာက္လာဟန္
ေနလံုးႀကီးလည္း ေျမာက္တက္လာျပန္ၿပီ

ဘာျပန္ေျပာလိုက္ရမလဲ
ဘာမွ ေခၚထူးေမးျမန္းမႈ မရွိဘဲ
ေရာက္လာတဲ့ေန႔တစ္ေန႔ကို
အိမ္ရွင္ေတြ မရွိဘူးလို႔ ေျပာလိုက္ရမလား

မိုးေဝး

[ unicode ]


ပဲပြုတ်နံပြား( လမ်းပေါ်က အော်လိုက်သံ)

မနက်လင်းပြီ
စောစောက ရေးပြီး
ပြန်ဖျက်လိုက်တဲ့ဒီစာသားဟာ
ဝရန်တာကနေ ကြေးစည်သံနဲ့အတူ
လင်းဝင်လာပြန်တယ်

မြင်နေကျခိုတွေ
မြင်နေကျ ခေါင်မိုးတွေနဲ့
မြင်နေကျ ငါ့ကိုယ်ငါလည်း
မြင်နေကျလို့ ပြောရမလား

မျက်နှာချင်းဆိုင်ခေါင်မိုးစွန်းမှာ
ကျီးကန်းတွေက တအာအာနဲ့
ကာ(ဖ)ကာကို သိသလား
ကာ(ဖ)ကာကို သိသလားတဲ့

ကားတစ်စီးရဲ့ အင်ဂျင်စက်နိုးသံ
ရေသန့်ယူကြဦးမလား အော်သံ
လူတစ်ယောက် လမ်းလျှောက်လာဟန်
နေလုံးကြီးလည်း မြောက်တက်လာပြန်ပြီ

ဘာပြန်ပြောလိုက်ရမလဲ
ဘာမှ ခေါ်ထူးမေးမြန်းမှု မရှိဘဲ
ရောက်လာတဲ့နေ့တစ်နေ့ကို
အိမ်ရှင်တွေ မရှိဘူးလို့ ပြောလိုက်ရမလား

မိုးဝေး

Labels: