20 April, 2018

ရောမ စစ်မျက်နှာ ( ၂ )

ငါ့ အိမ်နိမ့်စံဘဝမှာ
ရန်သူနဲ့ စေ့စပ်ခဲ့ရတယ်

နန်းတော်ကို သိမ်းပိုက်ပြီးချိန်မှာ
မင်းကို မိဖုရားမြှောက်ချင်တာ

ဒါပေမဲ့
မင်းက ရန်သူနဲ့ လင်ငယ်နေခဲ့တယ်

အေး
ငါ့ ထီးနန်းရိပ်မှာ
ကလီယိုပတ်ထရာ ပြက္ခဒိန်
ချိတ်ခွင့်မရှိစေရဘူး ။

ကြည်ဇော်အေး
19 4 2018

Labels: ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home