12 March, 2018

ဇီးရိုးဂရေဗီတီ

အစာလည်းဆေးဆိုတာက
ရေဆေးပြီးမှစားရတာမျိုး

မိန်းကလေးတယောက်ကိုငေးပြီး
အကြာကြီးသွားကြား
ထိုးနေတာဘယ်ကောင်းမလဲ

ရှင်ကြိုက်တဲ့အရောင်ပြောဆိုတော့
နှာခေါင်းကိုဘဲပွတ်ပွတ်နေတယ်

စောင်းနေတဲ့ကမ္ဘာကြီးမှာ
ကျမလည်း
သိပ်ရောင်းမကောင်းဘူး

ကျမမှတ်တိုင်မှာ
ရှင်က ဘယ်လောက်ကြာမှာလဲ
ငါးမြင်းဗိုက်သားက မတက်တော့ဘူး

တချို့သော့တွေက သွားနဲ့ဖွင့်မှ
အသံထွက်တာမျိုးဆိုတော့
နာကျင်ခြင်းဟာ ရှင့်အတွက်အပိုဆု
ဘယ်လိုအော်ပြရင် မြို့ထဲရောက်မှာလဲ

ကြမ်းအပူရှိန်
အခန်းအပူချိန်နဲ့
ဒီဇာတ်ကိုအဆုံးသတ်လိုက်တယ်

ကျမရဲ့မုန့်တွေက
သိပ် စားကောင်းမှာမဟုတ်ပါဘူး
ဒီတစ်လုံးကို
ရှင်ကြိုးစားဖမ်းပေတော့။

မိုးကျော်သူ

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home