12 March, 2018

ခြေတစ်ဖက်ဆာနေတဲ့ ကောင်မလေးဟာ ဘဝတစ်ခုလုံးကို မြိန်​ရည်ရှက်ရည် စားသောက်ပြီးနောက် အိပ်ပျော်သွားခဲ့

ပေမယ့်​ ကိုယ့်​ အရိုးနမူနာကို သူ ရ လိုက်​တာပါပဲ။ ​ပြောရရင်​ ဒါဟာ ပုံပြင်​တစ်​ပုဒ်​ထဲမှာ ပါဝင်​​တည်​ရှိ​နေတဲ့ ပုံ​ပြောသူက ​နောက်​ထပ်​ပုံ​ပြောသူ တစ်​​ယောက်​ ပါဝင်​​နေတဲ့ ပုံပြင်​အ​ကြောင်းကို ထပ်​​ပြော​နေသလို​ပေါ့။
ငှက်​​တွေ ​သေတဲ့ အခါ အ​ငွေ့ပျံပြီး ​လေဖြစ်​သွားတယ်​။ ​လေထဲမှာ ပုံပြင်​​တွေ ပါဝင်​​​နေပေမယ့်​ ပုံပြင်​ထဲမှာ လူ​တွေ ​နေတဲ့ ​ခေတ်​ကကုန်​သွားပြီ။ အချိုးအ​ကွေ့​တွေမှာ အခိုး​အ​ငွေ့​တွေလို ကိုယ်​တို့ ခဏခဏ ဆုံဖူး တာ။ "လွန်​​လေပြီး​သော​"တွေ ဓာတ်​ကြိုးထဲ စီးဆင်းသွားပြီး​ မီးလင်းလာခဲ့တာ။ ဒီ အ​တိုင်းဆို သောကြာ​နေ့​တွေတို​င်းဟာ စုံဂဏန်း​တွေ ဖြစ်​​နေ​တော့မှာပဲ ။
ခြေတစ်ဖက်ဆာနေတဲ့ ကောင်မလေးဟာ ဘဝတစ်ခုလုံးကို မြိန်​ရည်ရှက်ရည် စားသောက်ပြီးနောက် အိပ်ပျော်သွားခဲ့တယ်​။ ဘူတာရုံတိုင်းမှာ ထွက်​ခွာသွား​တော့မယ့်​ ငှက်​အမျိုးမျိုးဟာ သံ​နေသံထားအမျိုးမျိုးနဲ့ နှုတ်​ဆက်​ကြတယ်​။ ဒါ​ပေမဲ့ ၊ တကယ်​လို့များ လူကူးမျဉ်းကြား​ပေါ် ​နောက်​တစ်ခါ ပြန်​​တွေ့တဲ့ အခါ ကိုယ်​ မင်းမျက်​လုံးကို တွန်းဖွင့်​ပြီးဝင်​လာခဲ့မှာ။ မင်းရဲ့ အရိုး​တွေ အဖြစ် မင်းဆီမှာ ပြန်​လည်​ဝင်​စားမှာ။ ဒါနဲ့များ​တောင်​ ရထားဥသြသံ​တွေမှာ ဘဝဟာ မ ဂဏန်း ​ပဲ။
အရာရာကို ကိုယ်​ ရခဲ့ပြီ။ အဲဒီလို ကိုယ်​ရခဲ့ပြီလို့ ယုံကြည်​​နေတဲ့ စိတ်​ကိုလည်း ရခဲ့ပါပြီ။

- ​ဏေသစ်
( ကဗျာ ​ခေါင်းစဉ်​ကို ဆစ်​ခ်​ က ​ပေးပါတယ်​။ စာသား​တွေ တူ​နေတာ မရှိ​ပေမယ့်​ ဒီ ကဗျာ​အ​ပေါ်မှာ လတ်​တ​လော ဖတ်​​ပြီး အရမ်းကြိုက်​​နေတဲ့ ကို​မောင်​​ဒေးရဲ့ " အစိမ်း​ရောင်​ စာအုပ်​ " ဟာ အများကြီး သြဇာလွှမ်းမိုးမှု ရှိတာ ဝန်​ခံရမှာပါ )

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home