12 March, 2018

ဖြစ်ရပ်မှန် အာကာသ

အကောင်းမြင်သမားက လေယာဉ်ပျံတီထွင်တယ်
အဆိုးမြင်သမားက လေထီးကို တီထွင်တယ်
အကောင်းမြင်သမားက နိုင်ငံရေးလုပ်တယ်
အဆိုးမြင်သမားက ကဗျာရေးတယ်
လေယာဉ်ပျက်ကျတဲ့အခါ
အကောင်းမြင်သမားက လေထီးကိုအရင်ယူပြီး ခုန်ချတယ်
ကဗျာဆရာက
အဲဒီလေထီး မပွင့်ဘူးဆိုတာ သိနေတယ်။

ကြည်ဇော်အေး
2 3 2018

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home