Fairy Tale (5)
လမ်းမှာ ဘာသံပဲ ကြားကြား
နောက်ပြန်လှည့်မကြည့်ဖို့
အသံက မှာလိုက်တယ်
သိချင်စိတ်နဲ့ အကြောက်တရားကပဲ
ကျန်တဲ့ တစ်လမ်းလုံးကို ဖန်တီးသွားတော့မှာ
တကယ် ဆိုတာတွေ တကယ်ရှိခဲ့တယ်
မီးပုံးနီနီတွေ အောက် ရောက်တိုင်း
အနာဂတ်ဟောကိန်းတွေအပေါ်
ယုံကြည်စိတ်ကို ပြန်ရခဲ့တယ်
အနည်းဆုံးတော့
အဓိပ္ပာယ် တစ်ခုခုကို ပြုလုပ်ဖို့
ကိုယ်တို့တွေ မွေးဖွားလာခဲ့တယ် ဆိုတာမျိုး
တံတားပေါ်မှာ ကျောပေးထားတဲ့
တစ်ယောက်ယောက်
တစ်ခုခု ဖြစ်လာမှာကို
အမြဲစောင့်နေခဲ့ရတဲ့ ပုံစံနဲ့ ။ ။
ဏေသစ်
ကျန်တဲ့ တစ်လမ်းလုံးကို ဖန်တီးသွားတော့မှာ
တကယ် ဆိုတာတွေ တကယ်ရှိခဲ့တယ်
မီးပုံးနီနီတွေ အောက် ရောက်တိုင်း
အနာဂတ်ဟောကိန်းတွေအပေါ်
ယုံကြည်စိတ်ကို ပြန်ရခဲ့တယ်
အနည်းဆုံးတော့
အဓိပ္ပာယ် တစ်ခုခုကို ပြုလုပ်ဖို့
ကိုယ်တို့တွေ မွေးဖွားလာခဲ့တယ် ဆိုတာမျိုး
တံတားပေါ်မှာ ကျောပေးထားတဲ့
တစ်ယောက်ယောက်
တစ်ခုခု ဖြစ်လာမှာကို
အမြဲစောင့်နေခဲ့ရတဲ့ ပုံစံနဲ့ ။ ။
ဏေသစ်
Labels: ဏေသစ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home