ဆီလျော်မှုရှိသော အမှန်တရား
ဒီမှာ၊ သားစိမ်း ငါးစိမ်း စားသတဲ့။
ဆူရှီ ၊ ဆူရှိမီး ခေါ်ကြသတဲ့။
ဘယ်ဘက်က ပါမောက္ခကြီးက ပြောတယ်
ဒီ ငါးစိမ်းကတော့
ဆာကေးနဲ့ ကောင်းသတဲ့။
ဟိုက်...ဟိုက်။
ညာဘက်က ပါမောက္ခကြီးက ပြောတယ်
ဒီ အသားစိမ်းကိုတော့
ဝီစကီနဲ့ မျှောချတဲ့။
နိပ်ပါ့ ... နိပ်ပါ့။
ဝီစကီနဲ့ ဆာကေးပါမှတော့
သားစိမ်းပဲစားစား
ငါးစိမ်းပဲစားစား
သခွားသီးစိမ်းပဲစားစား
ကောင်းတော့နေမှာပဲ။
မြင့်သန်း
(osaka,1997)
ရနံ့သစ်၊ မေ ၊ ၂၀၀၄
Labels: မြင့်သန်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home