12 March, 2018

ဟေရာကလိုက်တပ်စ်နှင့် ငြင်းခုန်ခြင်း

ဘာကိုမှမယုံကြည်ဘူးဆိုတဲ့ မြစ်ထဲမှာ
ရေနှစ်ခါချိုးပြီးပြီ
ပထမအကြိမ်က အစုန်
ဒုတိယအကြိမ်က အဆန်
နောက်တစ်ကြိမ်ဆို
ရေအောက် ကြမ်းပြင်အထိငုပ်ပြီး
ယုံကြည်ချက်သဘောင်္ပျက်တစ်စင်းပေါ်က ရတနာတွေရှာမယ်
ဟေ့လူ
ခင်ဗျား မယုံဘူးလား။

ကြည်ဇော်အေး
27 2 2018

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home