12 March, 2018

လှေကား


လှေကားအတိုင်း ငါတက်လာတယ်၊ လှေကားအတိုင်း ငါတက်လာတယ်၊ လှေကားအတိုင်း ငါတက်လာတယ်၊
မင်းက မီးဖိုချောင်ထဲမှာ၊ မင်းက မီးဖိုချောင်ထဲမှာ၊ မင်းက မီးဖိုချောင်ထဲမှာ၊ မင်းရဲ့လက်ထဲမှာ ကြက်သွန်လှီးတဲ့ဓားကို ကိုင်ထားတယ်၊ မင်းရဲ့လက်ထဲမှာ ကြက်သွန်လှီးတဲ့ဓားကို ကိုင်ထားတယ်၊ မင်းရဲ့လက်ထဲမှာ ကြက်သွန်လှီးတဲ့ဓားကို ကိုင်ထားတယ်၊ အရမ်းချစ်တယ်လို့ ငါမင်းကိုပြောလိုက်တယ်၊ အရမ်းချစ်တယ်လို့ ငါမင်းကိုပြောလိုက်တယ်၊ အရမ်းချစ်တယ်လို့ ငါမင်းကိုပြောလိုက်တယ်၊ ဘာမှမပြောဘဲ မင်းငါ့ကိုစိုက်ကြည့်တယ်၊ ဘာမှမပြောဘဲ မင်းငါ့ကိုစိုက်ကြည့်တယ်၊ ဘာမှမပြောဘဲ မင်းငါ့ကိုစိုက်ကြည့်တယ်၊ ပြီးတော့ မင်းတစ်ချက်ပြုံးလိုက်တယ်၊ ပြီးတော့ မင်းတစ်ချက်ပြုံးလိုက်တယ်၊ ပြီးတော့ မင်းတစ်ချက်ပြုံးလိုက်တယ်၊
ငါလိုချင်တာကလည်း အဲဒါပဲလေ။

မောင်ဒေး

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home