ဗိုချော
ဗိုချော
ကျနော်တို့လည်း
အချိန်မှားမျဉ်းပေါ်မှာ
နှာခေါင်းကလေးတွေဖော်ဖော်ပြီး
တခါတခါ ပြုတ်ပြုတ်ကျလာတဲ့
ကိတ်ခြောက် အကျိုးအပဲ့ကလေးတွေ
တချက်တချက်
ပူစီဘောင်းကလေးတွေ
မှုတ်ထုတ်ရင်း
တစ်ပုဒ်ရတစ်ကြောင်းရနဲ့
အချိန်မှားမျဉ်းပေါ်မှာပါဘဲ
မျဉ်းမှားအချိန်ထဲမှာပါဘဲ
ဗိုချော
မစ်စတာဒဗလူကလက်ရဲ့မှတ်တမ်းတော့
ကျနော်လည်းမဖတ်ဖူးဘူး
ဗိုချောကိုချစ်တဲ့လူဟာ
ဘောလုံးအသင်းတစ်သင်းစာမှရှိရဲ့လား
မေးရိုးရှိမရှိ
မစဉ်းစားတော့ပါဘူး
ဒီမှာတော့
ကဗျာဆရာတွေ ကဗျာဆရာတွေ
ဘောလုံးကွင်းကြီးတွေ
ဘောလုံးကွင်းကြီးတွေ လွယ်လို့
ဘောလုံးကွင်းကြီးတွေ အပြည့်
ဖျံဖမ်းပြိုင်ပွဲမှာ
ကျနော်လည်း
ဝတ်စုံအပြည့်နဲ့ ဖျံတစ်ကောင်။
မိုးကျော်သူ
Labels: မိုးကျော်သူ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home