လိပ်စာသစ်
ခင်ဗျားဖတ်နေပုံကလည်း
ကျနော့်ရဲ့မျက်လုံးအရောင်နဲ့
လိုက်ဖက်လှပါပေတယ်
မီးအိမ်ကလေးတွေ ထွန်းထားတဲ့
မှိတ်တုတ်တုတ်ညတွေမှာ
ခင်ဗျားနဲ့အတူလမ်းလျှောက်ချင်ပါသေးတယ်
တယောက်နင်းထားတဲ့မိုင်းအကြောင်း
တယောက် ခြေခထောက်မကြွဘဲပြောရင်း
လေဖြန်း အသဲရောဂါ အစာအိမ်နဲ့ ကြေးနန်းစာ
ရထားပေါ်ပါသွားတဲ့သူတွေအကြောင်း
အသံဖျက်ပြောရင်း
မြို့ကြီးကိုမတတ်နိုင်
အဝေးကြီးကအိမ်တွေ ညတိုင်းပြန်ခဲ့ရတဲ့အကြောင်း
စာရေးလိုက်ဗျာ
ခင်ဗျားအိမ်မီးလောင်ရင်ဖြစ်ဖြစ်
တယောက်ယောက်ဆေးရုံရောက်တဲ့အခါ
ကျနော်တို့ဆုံကျတာပေါ့
ပိတ်နေတဲ့လမ်းတွေ
ဒီလိုဘဲ
ရုတ်တရက်မိုးတိတ်သွားဖူး
သတင်းစာကို
ငါးထုပ်ဖို့ ပစ်ပေးခဲ့ပြီ
မိုးကျော်သူ
Labels: မိုးကျော်သူ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home