အသက်ရှူတဲ့ယဉ်ကျေးမှု

မီးရောင်မရှိတုန်းကတောင် ကနိုင်ခဲ့တာ
မီးရောင်ရှိတော့မှ ဘာလို့ ငိုင်နေရတာတဲ့လဲ။
ဇန္နဝါရီများ အဆုပ်လိုက် အဆုပ်လိုက်
ပင်စည်မနိုင်အောင် ပွင့်ခဲ့ကြ။
ဘဝမှာ ဒုက္ခထက် ပိုကောင်းတဲ့ အမြည်းမရှိ
တခွက်ချင်းကနေမှ တပုလင်းလုံး သောက်ဖြစ်ခဲ့တဲ့
လောကီပါ။
ဆွဲဖဲက ဘာပဲတက်လာတက်လာ
ဝိုင်းထဲက ထပြေးလို့မှ မရတာ။


စံညိမ်းဦး
၂၁၂၁

No comments:

Post a Comment